Connect with us

Hi, what are you looking for?

သတင်း

ကူမင်းမြို့ဆွေးနွေးနေစဉ် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နမ္မတူ – ကွတ်ခိုင်မြို့နယ်အစပ်ကို ယနေ့ည လေကြောင်းတိုက်ခိုက်

တရုတ်အစိုးရ၏ တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တအာင်းတပ်မတော်(TNLA) နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးနေစဉ် TNLA ထိန်းချုပ်ရာဒေသ နမ္မတူ – ကွတ်ခိုင်မြို့နယ်အစပ်ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရှမ်းမြောက်ရှိ နမ္မတူမြို့အား သိမ်းပိုက်ပြီးနောက် အလံလွှင့်ထူနေသော TNLA ရဲဘော်အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

အိမ်သွင်/People’s Spring

တရုတ်အစိုးရ၏ တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တအာင်းတပ်မတော်(TNLA) နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးနေစဉ် TNLA ထိန်းချုပ်ရာဒေသ နမ္မတူ – ကွတ်ခိုင်မြို့နယ်အစပ်ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီ ၁၇ရက်) ည ၈နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲခြင်းဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

TNLA နှင့်စစ်ကောင်စီသည် ကူမင်းမြို့တွင် ဖေဖော်ဝါရီ ၁၆ရက်ကစ၍ တွေ့ဆုံဆွေးနွေးနေကြသည်။

မဆွေးနွေးမီ ဖေဖော်ဝါရီ ၁၅ရက်ကလည်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုပြီး ဗုံးအလုံးရေ ၂၀၀နီးပါး ကြဲချတိုက်ခိုက်ခဲ့သေးသည်။ ‌

ထို့အပြင် ယမန်‌နေ့ညကလည်း ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်ခံရမည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီး မြို့ပေါ်မှဒေသခံများသည် အခြားနေရာများသို့ ညတွင်းချင်း တိမ်းရှောင်ခဲ့ကြရသည်။

ဆွေးနွေးပွဲရလာဒ်အသေးစိတ်မသိရှိရသေးသော်လည်း အဆင်ပြေမှုမရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ဆွေးနွေးပွဲ အဆင်မပြေဘူးကြားတယ်။ မိန်းမလိုမိန်းမရစိတ်နဲ့ ဒီကောင်တွေ(စစ်ကောင်စီ) လာပစ်နိုင်တယ်။ တချက်မှ ပေါ့လို့ မရဘူး”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

တရုတ်အစိုးရ၏ တိုက်တွန်းမှုဖြင့် ပြုလုပ်မည့် ကူမင်းဆွေးနွေးပွဲတွင် စစ်ကောင်စီက အထက်စီးမှနေ၍ ဆွေးနွေးနိုင်သလို TNLA ထိန်းချုပ်ဒေသများကိုလည်း တိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်ဟု TNLA အတွင်းရေးမှူးချုပ်ဗိုလ်ချုပ်တာဖုန်းကျော်က ရေးသားထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ကျောက်မဲ၊ နောင်ချို၊မိုးမိတ်နှင့် သီပေါမြို့နယ်၊မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်တို့ကို သိမ်းယူထားသည်။

ယနေ့ညပိုင်းတွင် လေကြောင်းအန္တရာယ်သတိပြုကြရန် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက လူမှုကွန်ရက်မှတစ်ဆင့် သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။