Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် တူရွင်းဘို့ရွာ ဗုံးကြဲခံရပြီး အရပ်သား ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

လေတပ်စခန်းနှစ်ခုအနီးမှာရှိနေတဲ့ တူရွင်းဘို့ရွာကို Google Earth က တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မြင်းခြံမြို့အရှေ့မြောက်ဘက် ၈ မိုင်ခန့် အကွာမှာရှိတဲ့ တူးရွင်းဘို့ ရွာ ည ၁၀ နာရီခန့်မှာ ဗုံးကြဲ ခံရတာဖြစ်ပြီး အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့တာပါ။

သေဆုံးသူ ၄ ဦးအနက် ဦးငွေသောင်း၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်ဖြူသီ တို့ ၃ ဦးဟာ နေရာမှာတင် ပွဲချင်းပြီးဆုံးပါးသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ ၃ ဦးဟာ အသက် ၇၀ နဲ့ ၅၀ ကြားအရွယ်တွေဖြစ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်။

နောက်ထပ် ဆုံးပါးသူ ကတော့ အသက် ၅၀ အရွယ်အမျိုးသမီးကြီး ဖြစ်ပြီး လက်ပြတ်တောက်သွားတဲ့အတွက် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူ ဒေသခံ က ဒီနေ့ နေ့ခင်းပိုင်း ၁ နာရီက ပြောပါတယ်။

မနေ့ညပိုင်း ဗုံးကြဲ တိုက်ခိုက်ခံရမှုမှာ ထိခိုက်သူ ၅ ဦး လည်း ရှိနေပြီး ဒဏ်ရာပြင်းထန်ကြတယ်လို့သိရပါတယ်။

ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံဆီ ပို့ဆောင်ဖို့ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်က လူနာတင်ကားကို ပေးမဖြတ်လို့ လက်ရှိအချိန်ထိ ပို့ဆောင်နိုင်တာမရှိသေးဘူးလို့ ဖြစ်စဉ်ကို သိရတဲ့ဒေသခံ က အသိပေးပါတယ်။

စစ်ကောင်စီလေတပ် ပစ်မှတ်ထားဗုံးကြဲသွားတဲ့ တူရွင်းဘို့ရွာ က မန္တလေးတိုင်း မြို့သာ – မြင်းခြံ- ညောင်ဦး ကားလမ်းဘေးမှာတည်ရှိတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ကြီးစိုးနေတဲ့ မြင်းခြံမြို့ပေါ်မှာ ဓါးပြတိုက်မှုဖြစ်ပွားပြီး နှစ်ဦးကိုဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဧပြီလ ၁၄ရက်) သင်္ကြန်အကျနေ့ နံနက် ၇နာရီခန့်မှစ၍ ဂျက်ဖိုက်တာ၊ Y12အပြင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားထိခိုက် သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ကြက်ရိုးပင်ကျေးရွာကို စစ်ကောင်စီက‌‌ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဧပြီ ၉ရက်ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၆ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

Facebook