Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်မှ ပင်နီဆူလာဟိုတယ် စီမံကိန်း ရပ်ဆိုင်း

ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှပ်နှံရန်စီစဥ်ခဲ့​သောရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာ(Peninsula ) ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါဟိုတယ်လုပ်ငန်းစုက ကြေညာလိုက်ကြောင်း ဂျပန်သတင်းစာ NIKKEI Asia သတင်းဌာနက ဖော်ပြထားသည်။

ပင်နီဆူလာဟိုတယ် စီမံကိန်းကို ၂၀၂၃ ခုနှစ်တွင်​တွေ့ရစဥ်။ ဓါတ်ပုံ- Nikkei Asia

တာရာ၊ရဲ​ခေါင်/People’s Spring

ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှပ်နှံရန်စီစဥ်ခဲ့​သောရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာ(Peninsula ) ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါဟိုတယ်လုပ်ငန်းစုက ကြေညာလိုက်ကြောင်း ဂျပန်သတင်းစာ NIKKEI Asia သတင်းဌာနက ဖော်ပြထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းခဲ့သည့် လေးနှစ်အကြာတွင် မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် မီးရထားရုံးချုပ်အဆောက်အအုံကို ဟိုတယ်အဖြစ်ပြုပြင်မွမ်းမံတည်ဆောက်မည်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားသောငွေအားလုံးကို ဆုံးရှုံးငွေအဖြစ်သတ်မှတ်ကာ စာရင်းမှ ပယ်ဖျက်လိုက်​ကြောင်း အဆိုပါ ဟိုတယ် လုပ်ငန်းစုက ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါဟိုတယ်လုပ်ငန်းစုက ဖေဖော်ဝါရီ ၁၄ ရက် တွင် စတော့ဈေးကွက်ပိတ်သိမ်းချိန်တွင် ရန်ကုန်မြို့ရှိ ပင်နီဆူလာစီမံကိန်းအတွက် စိုက်ထုတ်ထားသည့် အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်ကို ဆုံးရှုံးငွေဖြင့် စာရင်းသွင်းမည်ဖြစ်ကြောင်းလည်း အသိ​ပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဟိုတယ်လုပ်ငန်းစုက ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ရှိ စီမံကိန်းသည် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ရပ်တန့်နေပြီး အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအလားအလာသည့် မရေရာမှုများရှိနေသည်ဟု ဆိုထားသည်။

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်ဟောင်းလက်ရာဖြစ်သည့် မြန်မာ့မီးရထားရုံးကို ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစုက ရှယ်ယာ ၇၀ ရာခိုင်နှုန်း နှင့် Yoma Group က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ Yoma Group ၏ ပိုင်ရှင် ဦးသိမ်းဝေ(ခ) Serge Pun ကို အာဏာသိမ်း စစ်ကောင်စီက ၂၀၂၄ ဇူလိုင်လတွင် ဖမ်းဆီးထားသည်။

အသက် ၇၀အရွယ် ခရိုနီ ဦးသိမ်းဝေသည် အိမ်ခြံမြေလုပ်ငန်း၊ဘဏ်လုပ်ငန်း၊ ဒီဂျစ်တယ်ငွေပေချေမှုလုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းစသည့်လုပ်ငန်း​ပေါင်းများစွာကိုလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။

၎င်းရဲ့ ထင်ရှားတဲ့ လုပ်ငန်းများမှာ FMIကုမ္ပဏီ၊ Yoma ဘဏ်၊ Wave money ငွေလွှဲလုပ်ငန်း၊ ပန်းလှိုင်ဆေးရုံ ၊ Star City အိမ်ယာစီမံကိန်းစ​သောလုပ်ငန်းများဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် PDF (ပြည်သူ့ကာကွယ်ရေးတပ်)များနှင့် တော်လှန်​ရေးတပ်ဖွဲ့များ နေပြည်တော်သိူ့ လာမတိုက်ပါက စီးပွား​ရေးလုပ်လို့ရပြီဟုစစ်ကောင်စီသီရိပျံချီဘွဲ့ရထားသည့် ဦးသိမ်းဝေက ပြောခဲ့သည်။သို့​သော် တစ်နှစ်​ကျော်အကြာတွင် စစ်​ကောင်စီကပင် ၎င်းအားဖမ်းဆီးထားခြင်းဖြစ်သည်။

ထိုစီမံကိန်းကို ၂၀၁ ၄ခုနှစ်တွင် စတင်ပြီး ၂၀၂၂ခုနှစ်တွင် အပြီးသတ်ရန် စီမံထားခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွက်အဓိကအထိန်းအမှတ် အဆောက်အဦးတစ်ခုဖြစ်လာရန်မျှော်မှန်းထားခြင်းဖြစ်သည်။ယခုအခါအဆိုပါ ဟိုတယ်စီမံကိန်းမှ Peninsulaလုပ်ငန်းစုထွက်ခွာသွားပြီဖြစ်သည်။

သို့​​သော်မီးရထားဌာနချုပ်ဝင်းဟောင်းအတွင်းမှာပင် ဒေါ်လာသန်း ၇၀၀ ရင်းနှီးမြှုပ်နှံမည့် ရိုးမစင်ထရယ်စီမံကိန်းကိုမူ ရပ်ဆိုင်းခြင်းမရှိသေး​ပေ။

ထိုစီမံကိန်းကို ရိုးမ မဟာဗျူဟာက ၄၈ ရာခိုင်နှုန်း၊ FMI က ၁၂ ရာ ခိုင်နှုန်း၊ မစ်ဆူဘီရှီအုပ်စုက ၃၀ ရာခိုင်နှုန်း၊ IFC ကငါးရာခိုင်နှုန်း နှင့် ADB က ငါးရာခိုင်နှုန်းစီ ပါဝင်ထားကြသည်။

သိူ့​သော်ရိုးမစင်ထရယ်စီမံကိန်းကြောင့် Yoma Strategic မှာဒေါ်လာ ၃၂ သန်းကျော် အသားတင်အရှုံးပေါ်ထား​ကြောင်း လွန်ခဲ့တဲ့တစ်နှစ်ကျော်က ​ဦးသိမ်းဝေ၏ ရိုးမမဟာဗျူဟာ ဦးပိုင်လီမိတက် (YOMA Strategic) က အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။