Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ဩဂုတ်လအတွင်းစစ်အုပ်စု၏ဖမ်းဆီးခြင်းခံရသူ ၁၆၀ ကျော်ရှိ

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

ရန်ကုန်မြို့လယ်တ​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-Yangon Skyline

“ပြီးခဲ့တဲ့လကစပြီး လမ်းမပေါ် ပေါ်တာလိုက်ဆွဲတာမျိုးတွေ ပြန်များလာပါတယ်ဗျ။ လူအရနည်းလာပုံရပါတယ်၊လူရောင်းစားတဲ့ ဂိုဏ်းတွေ ပေါ်တင်လှုပ်ရှားလာကြပါတယ်။”-RSN တာဝန်ရှိသူ

စက်တင်ဘာ-၆၊၂၀၂၅။ရောင်နီ/People’s Spring

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

“ပြီးခဲ့တဲ့လကစပြီး လမ်းမပေါ် ပေါ်တာလိုက်ဆွဲတာမျိုးတွေ ပြန်များလာပါတယ်ဗျ။ လူအရနည်းလာပုံရပါတယ်၊လူရောင်းစားတဲ့ ဂိုဏ်းတွေ ပေါ်တင်လှုပ်ရှားလာကြပါတယ်။” ဟု RSN မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီက သတင်းအတိအကျဖြင့်ဖမ်းဆီးသူ၂၃ ဦး၊လမ်းပေါ်၌ သွားလာနေစဉ် ဖမ်းဆီးခံရသူ ၅၉ ဦး ၊ လမ်းဘေးထိုင်နေစဉ်ဖမ်းဆီးခံရသူ ၃ဦး ၊ ဧည့်စာရင်းအပါအဝင်ရှောင်တခင်စစ် ဆေး၍ ဖမ်းဆီးခံရသူ ၃၆ ဦး ၊သေချာသည့် အ‌ကြောင်းအရာမရှိပဲ ဖမ်း‌ဆီးခံရသူ ၄၅ ဦး နှင့် လိမ်ညာဖမ်းဆီးခံရသူ ၁ ဦးစုစု‌ပေါင်း ၁၆၇ ဦး ဖြစ်ကြောင်း RSN ကထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ မြို့နယ် ၂၂ ခုမှ ပြည်သူများကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လှိုင်နှင့် ဒေါပုံမြို့နယ်များမှ ပြည်သူ ၁၉ ဦးစီဖမ်းဆီးခံခဲ့ရကာ ဖမ်းဆီးခံရမှု အရေအတွက်အများဆုံးဖြစ်ခဲ့သည်။

ဖမ်းဆီးခံထားရသူများအနက် ၃၃ ဦးကို စစ်သင်တန်းကျောင်း နှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကာပြန်လည်လွတ်မြောက်လာသူ ၂၅ ဦးရှိပြီး အခြားကျန်သည့် ၁၀၉ ဦး၏ ဖမ်းဆီးခံရမှုနောက်ပိုင်းအခြေအနေကို မသိရှိရသေးကြောင်း RSN က​ဖော်ပြသည်။

“ပေါ်တာဆွဲတာအပြင် အလုပ်ခေါ်စာအတုတွေနဲ့ မျှားပြီးဖမ်းတာတွေလည်းလုပ်တယ်။သိပ်လည်လည်ဝယ်ဝယ် မရှိတဲ့သူတွေကို ပိုပြီး ပစ်မှတ်ထားကြတာတွေ့ရပါတယ်ဗျ။ခုဆိုအလုပ်သမားတွေကိုပါ ငှားသလိုနဲ့ ခေါ်သွားပြီးစစ်မှုထမ်းထဲထည့်လိုက်တာတွေပါ ဖြစ်လာပါတယ်။”ဟုအထက်ပါ တာဝန်ရှိသူက လက်ရှိ ရန်ကုန်အခြေအနေနှင့်ပတ်သက်၍ ပြောသည်။

ဩဂုတ် ၃၀ ရက်က နေ့လည်ကလှိုင်သာယာဒဂုံ‌ဧရာ အဝေးပြေး၌ ပစ္စည်းသွားယူ၍အပြန်တွင် တက္ကစီသမားက ‌လမ်းကြုံတင်ခေါ်မည်ဟု ဆိုကာ စစ်မှုထမ်းအတွက် ပို့ဆောင်မှု ကြုံခဲ့ရသည့်အကြောင်းကို ဖမ်းဆီးရာမှ ပြန်လည်လွတ်မြောက်လာသည့် ကာယကံရှင် ကို ထက်ဝေယံဖြိုးက ပြောကြားထားသည်။

ဖမ်းဆီးခံထားရသူများတွင် အသက်မပြည့်သူ ၃ ဦး ၊ စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦး ၊ တော်လှန်ရေးလှုပ်ရှားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ၁၁ ဦး ၊ CDM လုပ်ကာရှောင်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကျောင်းဆရာမ ၁ ဦး ၊ စစ်ဘေးရှောင်ရခိုင်လူမျိုးတစ်ဦး နှင့် ခွဲစိတ်မှုခံယူထားသူ ချင်းလူမျိုးတစ်ဦး ပါဝင်သည်ဟု RSN က ဖမ်းဆီးခံထားရသူများအနက် ထူးခြား အချက်အလက်အနေဖြင့် ဖော်ပြထားသည်။

အထက်ပါဖမ်းဆီးမှုအရေအတွက်တွင် မူးယစ်ဆေး ၊ လောင်းကစား ၊ လိင်အပျော်အပါးကြောင့် ဖမ်းဆီးခံရမှုများမပါဝင်ဟုသိရသည်။

ထို့ပြင်လှိုင်၊ကြည့်မြင်တိုင်နှင့် တာမွေမြို့နယ်တို့တွင် ပစ္စည်းရွှေ့ပြောင်းရန်ရှိသည်ဟုဆိုကာ လူ တစ်စုက ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်ပြတ်သွားသူ ၈ ဦး ရှိခဲ့ကြောင်း ဖော်ပြထားသည်။

“စစ်မှုထမ်း အမှတ်စဉ် ၁၇ စဖို့ နီးလာပြီမို့ ဒီကြားထဲ လူဆွဲတာတွေပိုစိတ်လာပါလိမ့်မယ်။အဲ့ကြောင့် ညမှောင်ချိန်တွေ ၊လူပြတ်တဲ့နေရာတွေဆို ၁ ယောက် စ ၊ ၂ ယောက် စလောက်နဲ့ သွားလာတာတွေ မလုပ်ကြပါနဲ့။ ရပ်ကွက်ထဲမှာလည်းရာ၊ဆယ်မှူးတွေ ပျူတွေရဲ့ လှုပ်ရှားမှုတွေကိုနားစွင့်ထားကြပြီး တခုခုဆိုတာနဲ့ ယာယီရှောင်လို့ရအောင် ပြင်ဆင်ထားကြပါလို့ ပြောချင်ပါတယ်ဗျ။” ဟုအထက်ပါ တာဝန်ရှိသူက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။