Connect with us

Hi, what are you looking for?

သတင်း

တိုင်းရင်းသားကျေးရွာ ကရင်နှစ်သစ်ကူးနေ့လူများပြီး ကလေးငယ်တွေ ပျောက်ဆုံး‌

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

တိုင်းရင်းသားကျေးရွာ ကရင်နှစ်သစ်ကူးနေ့ လာရောက်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၁၉၊ ၂၀၂၅/People’s Spring

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၉ရက်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို တိုင်းရင်းသားကျေးရွာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ကရင်နှစ်သစ်ကူးပွဲတော်ကို လာရောက်လည်ပတ်သူအလွန်များပြားတာကြောင့် ကလေးငယ်တွေနဲ့ လူစုကွဲသွားပြီး ပျောက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” လူတွေက တော်တော်များတာ။ ကျိတ်ကျိတ်တိုးနေတာ။ လူတွေလည်းပိ။ ကလေးတွေကို လက်ကဆွဲပြီး လူအုပ်ကြားထဲတိုးတော့ လက်ကနေလွတ်ပြီး ပျောက်သွားကြတာ။ အခုထိလည်းရှာမတွေ့သေးဘူး။ မနှစ်ကထက်ပိုများတယ်” လို့ ကရင်နှစ်သစ်ကူးပွဲတော်ကို လာရောက်သူတစ်ဦးကပြောပါတယ်။

ကရင်နှစ်၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကရင်လူမျိုးတွေက လာရောက်ဆင်နွှဲတာကြောင့် ယမန်နှစ်ထက် စည်ကားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့စစ်သားတွေက လူစုခွဲရှင်းပေးနေပေမယ့် တိုးဝှေ့နေတဲ့ လူစုက အရမ်းများနေခဲ့ပြီး မူးမေ့လဲသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ YBS ဘက်စ်ကားပေါ်တွင် ယနေ့ (မေလ ၁) ကျရောက်သည့် မေဒေးနေ့အဖြစ် ကျောင်းသား၊လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆက်လက် ပါဝင်တိုက်ပွဲဝင်ပေးရန် ဟောပြောမှု ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။