Connect with us

Hi, what are you looking for?

သတင်း

ကူမင်း​​ဆွေး​နွေးပွဲပျက်ပြီးနောက်စစ်​ကောင်စီကနောင်ချိုကိုဗုံးကြဲမှု ဒေသခံ ၃ဦးသေဆုံး ၄ဦး ဒဏ်ရာရ

တရုတ်အစိုးရအစဥ်အစဥ်ဖြင့်ပြုလုပ်​သောကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရဘဲပြီးဆုံးပြီး​နောက် စစ်​ကောင်စီက တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုဖေ​ဖော်ဝါရီ ၁၉ ညတွင်လေကြောင်းမှဗုံးထပ်မံကြဲခဲ့ရာ ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့သည်ဟု TNLAကသတင်းထုတ်ပြန်သည်။

စစ်​ကောင်စီ၏ တိုက်​လေယာဥ်တစီးကို​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA

ဟန်နွေ/People’s Spring

တရုတ်အစိုးရအစဥ်အစဥ်ဖြင့်ပြုလုပ်​သောကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရဘဲပြီးဆုံးပြီး​နောက် စစ်​ကောင်စီက တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုဖေ​ဖော်ဝါရီ ၁၉ ညတွင်လေကြောင်းမှဗုံးထပ်မံကြဲခဲ့ရာ ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့သည်ဟု TNLAကသတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၉ရက် ည ၈နာရီ ၁၃ တွင် နောင်ချို ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံသို့ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘူတာရပ်ကွက်တွင် ဒေသခံ ၂ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ ဆေးရုံတိုက်ခိုက်ခံရမှုတွင် ဒေသခံ ၁ဦး သေဆုံးကာ၁ဦးဒဏ်ရာရခဲ့သည်ဟုအသိပေးသည်။

တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် TNLAနှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ရက်နေ့များက တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။သို့သော်လည်း ဆွေးနွေးပွဲ မပြုလုပ်မီ၊ ဆွေးနွေးပွဲ ကျင်းပသည့် ကာလနှင့် ဆွေးနွေးပွဲအပြီး တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ဒေသများကို လေကြောင်း တိုက်ခိုက်မှု၊ မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၂ရက်ကြာမြင့်ခဲ့သည့် ကူမင်း ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ ရောက်သည့်နေရာ၌ ရပ်တန့် အပစ်ရပ်စဲရန်၊ ထိုးစစ်ဆင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ် ဗုံးကြဲတိုက်ခိုက်ခြင်းများ ရပ်တန့်ရန်နှင့် နှစ်ဖက်ထိန်းချုပ်နယ်မြေ အတွင်း ပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရေး ဖြတ်သန်းသွားလာခွင့်ပြုရန် အချက်များကို TNLA ဘက်က ဆွေးနွေးခဲ့ကြောင်း၊ သို့သော်ဆွေးနွေးညှိနှိုင်းမှု ခက်ခဲ၍ ဆွေးနွေးပွဲ၌ သဘောတူညီမှုမရခဲ့ကြောင်း TNLAက အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေကြောင်း TNLAကထုတ်ပြန်ခဲ့အသိ​ပေးထားသည်။ထို​ကြောင့်ပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်းအသိပေးထားသည်။ ထို့ပြင် လေကြောင်းရန်မှ ကာကွယ်နိုင်ရေး ၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လည်း သတိပေးထားသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၆ရက်ကလည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၅ရက်တွင်လည်း နောင်ချိုမြို့နယ် တောင်ခမ်း ဒေသရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ Y12 လေယာဉ်ဖြင့် ဗုံးာကဲတိုက်ခိုက်ခြင်းများ စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။ ဖေဖော်ဝါရီ ၁၀ရက်တွင်လည်း မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရှမ်းမြောက် TNLA ထိန်းချုပ်ဒေသ အပြင် ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်နယ်မြေများရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ​ဒေသခံပြည်သူ သေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်​နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။