Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒီလိုမျိုး အရပ်သားတွေကို ပစ်မှတ်ထားတာကိုတော့ ခွင့်လွှတ်မပေးနိုင်ဘူးဆိုတာထက်မကြေအေးပေးနိုင်ဘူး”

စစ်ကောင်စီက ခုနှစ်ရက်အတွင်း မကွေးတိုင်း မြိုင် နှင့် ပေါက်မြို့နယ်တို့တွင် ​ဒေသခံပြည်သူ
သုံးဆယ်ခန့်သေဆုံးပြီး ဒါဇင်​ပေါင်းများစွာဒဏ်ရာရ​အောင် ဗုံးကြဲခဲ့သည်။ဖေဖော်ဝါရီ ၂၅ ရက်က မြိုင်မြို့နယ်၏ အနောက် တောင်ပိုင်းရှိ ကျောက်ခွက်ရေနံလုပ်ကွက်ရှိ ဆုံကုန်ရွာ ဘုန်ကြီးကျောင်း၌ ပြုလုပ်သည့် မဂ်လာပွဲကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ​ဒေသခံပြည်သူ ၁၄ ​သေဆုံးပြီး ၂၀ ​ကျော်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင်မတ်လ ၃ ရက်နံနက်အစောပိုင်းတွင် ဗုံးကြဲလေယာဥ် Y 12 အပါအဝင် ဂျက်ဖိုက်တာအသုံး ပြုပြီး မြိုင်နှင့် ပေါက်မြို့နယ် ကြားရှိ ကျေးရွာများကို ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ၁၅ ဦး​သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့သည်။ မတ်လ ၃ ရက်နေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဥ် နှင့်ပတ်သက်၍ မြေပြင်တွင်ကူညီကယ်ဆယ်​ရေးလုပ်ခဲ့သည့် မြိုင်၊ပေါက် နှင့် ပခုက္ကူ မြို့နယ် အခြေစိုက် အညာမြေတပ်ပေါင်းစု၏ ပြောရေးဆိုခွင့် ရှိသူ ကိုဘိုဘိုသန့်ဇင် ကို လူထုနွေဦးကဆက်သွယ်မေးမြန်းထားပါသည်။

■ အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်နဲ့​မေးမြန်းခန်း

စစ်ကောင်စီက ခုနှစ်ရက်အတွင်း မကွေးတိုင်း မြိုင် နှင့် ပေါက်မြို့နယ်တို့တွင် ​ဒေသခံပြည်သူ
သုံးဆယ်ခန့်သေဆုံးပြီး ဒါဇင်​ပေါင်းများစွာဒဏ်ရာရ​အောင် ဗုံးကြဲခဲ့သည်။ဖေဖော်ဝါရီ ၂၅ ရက်က မြိုင်မြို့နယ်၏ အနောက် တောင်ပိုင်းရှိ ကျောက်ခွက်ရေနံလုပ်ကွက်ရှိ ဆုံကုန်ရွာ ဘုန်ကြီးကျောင်း၌ ပြုလုပ်သည့် မဂ်လာပွဲကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ​ဒေသခံပြည်သူ ၁၄ ​သေဆုံးပြီး ၂၀ ​ကျော်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင်မတ်လ ၃ ရက်နံနက်အစောပိုင်းတွင် ဗုံးကြဲလေယာဥ် Y 12 အပါအဝင် ဂျက်ဖိုက်တာအသုံး ပြုပြီး မြိုင်နှင့် ပေါက်မြို့နယ် ကြားရှိ ကျေးရွာများကို ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ၁၅ ဦး​သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့သည်။ မတ်လ ၃ ရက်နေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဥ် နှင့်ပတ်သက်၍ မြေပြင်တွင်ကူညီကယ်ဆယ်​ရေးလုပ်ခဲ့သည့် မြိုင်၊ပေါက် နှင့် ပခုက္ကူ မြို့နယ် အခြေစိုက် အညာမြေတပ်ပေါင်းစု၏ ပြောရေးဆိုခွင့် ရှိသူ ကိုဘိုဘိုသန့်ဇင် ကို လူထုနွေဦးကဆက်သွယ်မေး မြန်းထားပါသည်။

ရဲ​ခေါင်/People’s Spring

မေး- မတ်လ ၃ ရက်​နေ့စစ်​ကောင်စီရဲ့​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ​သေဆုံးသူထပ်တိုးလာတာရှိပါ​သေးလား။

Public Service Announcement

Public Service Announcement

ဖြေ-သေဆုံးတာတွေသည် ကျွန်တော်တို့ သတင်းထုတ်ပြန်ထားတဲ့ မနက်က ၁၀ နာရီလောက်က အဲဒီတုန်းက ၁၂ ယောက်ပေါ့နော်။ဆေးကုသမှုခံယူစဥ်သေဆုံးတာနဲ့ဆို စုစုပေါင်း ၁၅ ယောက် ရှိပါပြီ။ဒဏ်ရာရာတာက ၁၅ ယောက်နဲ့ အယောက် ၂၀ ကြားရှိတယ်။

မေး-စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်​တွေက က ​သေဆုံးဒဏ်ရာရသူ​တွေဟာ အရပ်သားမဟုတ်ပဲ PDF ​တွေပါဆိုပြီး ဝါဒ ဖြန့်ကြတာတွေ့ရပါတယ်။ဒါကိုရော ဘယ်လိုတုံ့ပြန်ချင်လဲ။

ဖြေ- မြေပြင်ဓာတ်ပုံတွေ ကြည့်ရင်သိမှာပါ။ကျွန် တော်တို့လို့ တော်လှန်ရေး အဖွဲ့တွေက ရွာတွေမှာ မနေတာသူတို့(စစ်ကောင်စီ)သိနေတာပဲ။အရပ်
သားတွေနေတဲ့ ရွာတွေနဲ့ အဝေးဆုံးမှာနေကြတယ်။အနည်းဆုံးလေးမိုင်လောက်ခွာနေကြတာ။

မေး-ဒါဆိုစစ်ကောင်စီက အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာလို့ ပြောလို့ရလား။

ဖြေ-အခုက ရွာတွေနဲ့ ဘုန်ကြီးကျောင်းတွေကို ဦးတည်ပြီး ကြဲတာဖြစ်​နေတယ်။ဘာကြောင့်အဲဒီလို အကြောင်းမဲ့သက်သက်သတ်ဖြတ်နေလဲ ဆိုတာမပြောတက်ဘူး။

မေး- သေဆုံးထိခိုက်တဲ့သူတွေက ဒေသခံတွေပဲလား။ရေနံမှော်ဆိုတော့ တခြားဒေသက အလုပ်လာလုပ်တဲ့သူ တွေပါသေးလား။

ဖြေ- ရေနံမှော် ဖြစ်တဲ့အတွက် ဒေသအစုံက လူတွေလာနေတာ ဆိုတာ ကနဦးပြောရမှာပေါ့။ဘယ်သူပျောက်နေသလဲ။ ဘယ်သူက ရှိနေသလဲဆိုတာ အတည်ပြုရခက်ခဲတယ်။ကျွန်တော်တို့ ရွာတွေဆိုရင်တော့ ဒီရွာမှာ ဘယ်သူရှိနေလဲ ဘယ်သူ ပျောက်သွားလဲ အဲဒီလိုမျိုးစစ်နိုင်တာရှိတယ်။ရေနံမှော်မှာဒေသခံတွေပါသလို မကွေးတိုင်းထဲက လူတွေလာလုပ်တယ်။စစ်ကိုင်းတိုင်းထဲက သူတွေလာလုပ်တယ်။မန္တလေး တိုင်းထဲက ပုဂံ၊ညောင်ဦးတို့ ကျောက်ပန်တောင်းတို့ အဲဒီဘက်က သူတွေလာလုပ်ကြတာရှိတယ်။အဲဒီလိုလူတွေအများဆုံးပဲ။

မေး- မတ်လ ၃ ရက်​​နေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာသေဆုံးထိခိုက်မှု က မြိုင် နဲ့ ပေါက်မှာ ဘယ်ရွာတွေက အများဆုံးဖြစ်မလဲ။

ဖြေ- မြိုင်နယ်ထဲမှာဆိုဘောင့်ဘင်ရွာက အမျိုးသားလေးယောက် သေတယ်။သေတဲ့သူတွေက အသက် ၅၀ ကျော် ၆၅ ဝန်းကျင်ထဲက။ရှစ်ယောက်ဒဏ်ရာရတယ်။လက်ပံတိုရေနံမှော်က ပေါက်မြို့နယ်ထဲကို ရောက်နေတယ်။မြိုင်နယ်အစပ်။အဲဒီမှာက စုစုပေါင်း ၁၁ ယောက်သေသွားတယ်။

မေး- တစ်ပါတ်ထဲမှာ လေကြောင်းကနေ ပိုလုပ်လာတဲ့ အခြေအနေကို ရော ဘယ်လိုသုံးသပ်လဲ။

ဖြေ-ဟိုတနေ့က ကျောက်ခွက်ရေနံမှော် မှာဗုံးကြဲတယ်လေ။အဲဒါက ကြတော့ဆုံကုန်ရွာ ရေနံမှော်ထဲကပဲပေါ့နော်။အခုက ဆုံကုန်ရွာရဲ့ အနောက်ဘက်သုံးမိုင်လောက်အကွာ လက်ပံတိုရွာ၊ သရက်ကန်ရွာအဲဒီနေရာတွေကို အဓိကထားဗုံးကြဲသွာတာပေါ့နော်။အဲဒီနားမှာက ရေနံကျင်း၊ရေနံမှော်၊ရေနံခပ်တဲ့ အလုပ်သမားတွေနေကြတာ။သူတိို့ တွေ သေကုန်ကြတာပေါ့။နှစ်ကြိမ်စလုံးကလည်း အနီးအနားကပ်ရပ်တွေလို့ပဲ ပြောရမယ်။ပထမ တစ်ခါကြဲတာ မနက် ၁၀ နာရီကျော်ကျော်လောက်။ဒီနေ့မနက်ကြဲတာ မနက် ၁ နာရီနဲ့ ၂ နာရီမှာကြဲတာ။အခု မနက်ကြဲတာ ဧရိယာပိုကျယ်ပြန့်သွာတာပေါ့။မြိုင်နယ်ထဲကကျေးရွာတွေရော အရပ်သားပြည်သူတွေနေတဲ့ ရေနံမှော်တွေကိုကြဲတာ။ခန့်မှန်းတာတော့ Y 12 တွေက ပေါင် ၃၀၀ ဗုံးတွေ နဲ့ ဂျက်ဖိုက်တာတွေက ပေါင် ၅၀၀ ဖြစ်လိမ့်မယ်။

မေး- အခုတိုက်ခိုက်မှု​တွေ မတိုင်ခင် မြိုင်ဘက်မှာ လေ ကြောင်း တိုက်ခိုက်မှု မလာတာ လပိုင်းလောက်ကြာတာတွေ့ရတယ်။အခုရက်ပိုင်းမှ စစ်ကောင်စီက အသည်းအသန် တိုက်ခိုက်လာတာဘာ​ကြောင့်လို့ထင်လဲ။

ဖြေ-အရင်တုန်းကဆိုရင် တိုက်ပွဲတွေရှိမှ လေကြောင်းက ပစ်ကူပေးတာမျိုး။ Mi 35 တို့Mi 17 တို့ နဲ့ ဂျက်ဖိုက်တာတို့လို ပစ်တာအများဆုံးကြုံခဲ့ရတာ။

မေး- ဗုံးဒဏ်ကြောင့် သေဆုံးသွားတဲ့ သူအချို့ဆို အမှိုက်ပုံထဲ ရောက်နေတာ၊ အချို့ဆို ရုပ်​တောင်မပိ​တော့တာမြင်ရပါတယ်။ သေဆုံးသူ​​တွေအထဲမှာကလေးငယ်တွေပါသေးလား။

ဖြေ- လူတွေ အိပ်မောကြနေတဲ့အချိန် ဒီဘက်မှာ ညဘက်အရမ်းအေးနေသေးတယ် ။စောင်ခြုံထားတဲ့ ပုံစံတွေက ဗုံးကျလို့ သေ သွားမှန်းတောင်မသိတဲ့သူတွေ အများကြီးပါမယ်။နောက် ကလေးငယ်တွေမဟုတ်ဘဲ ဆယ် ကျော်သက်အရွယ်တွေပေါ့။ကျွန်တော်တို့ မြန်မာပြည်ရဲ့ အနေအထားအရ ၁၃၊၁၄အရွယ်ဒီလိုတွေ အလုပ်လုပ်နေကြတာရှိတယ်။
ကျွန်တော်သိရတာ အဲဒီလိုအရွယ်နှစ်ယောက်လောက်ပါတယ်။ယောကျာ်းလေးတွေ။ပြီးရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ပါတယ်။

မေး- တော်လှန်ရေးရဲဘော်အနေနဲ့မဟုတ်ဘဲ ဒေသခံတစ်ယောက် အနေနဲ့ ဒီဖြစ်စဥ်ကို ဘာပြောချင်လဲ။

ဖြေ-ခံစားရတာပေါ့။အရမ်းရက်စက်တယ်ဆိုတာထက် ပြင်းထန်တဲ့စကားလုံးရှိရင် ကျွန်တော်သုံးချင်တယ်။ဒါတွေက ကျွန်တော်တို့လို တော်လှန်
ရေးသမား တွေနဲ့ ကြုံလို့ ပစ်တယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ အတိုင်းအတာတစ်ခုထိလက်ခံပေးလို့ရတယ်။ဒီလိုမျိုး အရပ်သားတွေကို ပစ်မှတ်ထားတာကိုတော့ ခွင့်လွှတ်မပေးနိုင်ဘူးဆိုတာထက် မကြေအေးပေးနိုင်ဘူး။

မေး- ကိုယ် ကိုယ်တိုင်က မြန်မာ့အရေး ဒါမှမဟုတ် စစ်ကောင်စီကို ချက်ချင်းအရေးယူလို့ရတဲ့ သူဆိုရင်ရောဘာလုပ်ချင်လဲ။

ဖြေ-ကျွန်တော့်အနေနဲ့ အရေးယူဆုံးဖြတ်နိုင်ခွင့်ရှိတဲ့သူဆိုရင် ဥပဒေကြောင်းအရ ချက်ချင်းအရေးယူလို့ရနိုင်တဲ့အာဏာဆိုရင် နိုင်ငံတကာချမှတ်ထားတဲ့ ဥပဒေကြောင်းအတိုင်းထိထိရောက်ရောက်အမြန်ဆုံးအရေး ယူမယ်။ဒါမျိုးက ဘယ်လိုမှ ခံစားလို့ရတဲ့အခြေအနေမဟုတ်ဘူးလေ။

မေး- စစ်ကောင်စီက ဒီ​နောက်ပိုင်း လေကြောင်း တိုက် ခိုက်မှုတွေကိုပဲ အဓိကအားပြုတိုက်ခိုက်​နေတာနဲ့ပတ်သက်ပြီး ဘာသုံးသပ်မိလဲ။

ဖြေ- အခုဆိုရင် မြေပြင်စစ်ကြောင်းတွေကို ကျွန် တော်တို့ ဘက်က အသာစီးရထားတယ်။ဝေဟင်ကိုသူတို့ဘက်က အားပြုလာတဲ့အခါကျွန်တော်တို့က တုံ့ပြန်ဖို့ မရှိသေးဘူးပေါ့။ကျွန်တော်တို့ဆိုတာထက် အညာဘက်က တပ်ဖွဲ့တွေပေါ့။ဒီလေ
ကြောင်းပစ် လက်နက်မရှိတော့ သူတို့က ရဲရဲဝံ့ဝံ့ ပိုလာနိုင်နေတယ်။လေ ကြောင်းပစ်တာ တော့ရှိချင်တယ်။ဘယ်အဖွဲ့မှာပဲဖြစ်ဖြစ်ပေါ့။သက်ဆိုင်ရာ
အဖွဲ့အသီးသီးကလည်း ကူညီပေးနိုင်တယ်ဆိုရင်တော့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်ရော ဒေသခံလူထုအတွက်ပါ အားဖြစ်စရာပေါ့။

မေး- ဒေသတွင်းကို စစ်ကောင်စီလေကြောင်း တိုက် ခိုက်မှု ​တွေက ​ရှေ့ပိုလုပ်လာနိုင်သလား။

ဖြေ-လေကြောင်းတိုက်ခိုက်မှုလာပြီဆိုရင် တပ်ဖွဲ့အချင်းချင်းသတင်းပို့တယ်။အရပ်သားတွေနဲ့ ကလေး တွေ CDM ဝန်ထမ်းတွေကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာ တွေးတောကြံဆပြီး လုပ်ဖြစ်နေတာပေါ့။ဒေသခံလူထုကိုတော့ တော်လှန်ရေးတပ်ဖွဲ့တိုင်းကတော့ အသိပေးနေကြပါတယ်။လေကြောင်းတိုက်ခိုက်မှုက ဆက်ရှိလာနိုင်တယ်။အခုဆိုရင် ပါရာမော်တာတွေပါ လာလည်း လာနေကြတယ်ဆိုတော့ ဘယ်လိုရှောင်ကြမလဲဆိုတာအမြတမ်းပြောတယ်။ဒီထက်ပိုပြီး လေကြောင်းတိုက်
ခိုက်မှု ဆိုးလာနိုင်တယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းပြီး မျှဝေထားကြတယ်။

မေး- ဘာများဖြည့်စွက်ပြောချင်ပါ​သေးလဲ။

ဖြေ-စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဆိုတာ အခုမှပဲ ကြုံရဖူးတဲ့အရာမဟုတ်ဘူး။အရင်ကတည်း က တိုက်ပွဲတွေ စခန်းသိမ်းတာတို့ မှာ အများစုကြုံရတာပေါ့။ထိတွေ့မှုများပြီး ယဥ်ပါးသွားတယ်လို့တောင်ပြောရမယ်။စစ်ရေးပစ်မှတ်ဆိုတာရော မဟုတ်တာရော တိုက်ခိုက်တဲ့ အကြိမ်ရေက မနည်းဘူးလေ။သေဆုံးတဲ့ အရပ်သားတွေကျွန်တော်တို့ မြို့နယ်ထဲမှာကို တော်တော်ကို များနေပြီလေ။ဒီလေကြောင်းတိုက်ခိုက်မှုကို ကျွန်
တော်တို့အနေနဲ့ ဘာပြန်လုပ်နိုင်လဲဆိုရင် ဘာမှပြန်မလုပ်နိုင်ဘူး။ဒါလက်ရှိ ပကတိအမှန်တရားလို့ပဲပြောရမယ်။ 

ဆက်စပ်သတင်းများ