Connect with us

Hi, what are you looking for?

သတင်း

မြန်မာကိုဗဟိုပြု၍ ငလျင် ဆက်တိုက်လှုပ်နေ

ဟုမ္မလင်းမြို့နယ်ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ​မြေငလျင်လှုပ်

ဟုမ္မလင်းမြို့နယ် တွင်လှုပ်​သောငလျင်ကို ​​မြေပုံ​ပေါ်တွင်​တွေ့ရပုံ

အိမ်သွင်/People’s Spring

ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်ကို ဗဟိုပြု၍ ယ‌နေ့ (မတ် ၅) နံနက်အစောပိုင်းက ​မြေငလျင်လှုပ်ပြီးနောက် နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့၊ အိန္ဒိယ-မြန်မာနယ်စပ်အနီး ဗဟိုပြု၍ ငလျင်နှစ်ကြိမ်ထပ်မံလှုပ်ပြန်သည်။

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် မတ်လ ၅ရက် နံနက် ၄နာရီ ၃၆မိနစ်တွင် ရစ်ခ်ျတာစကေး ၅ဒဿမ၁ ၊ ၄နာရီ ၅၄ မိနစ်၌ ၄ ဒသမ ၇ အင်အားရှိ​မြေငလျင်လှုပ်ရှားခဲ့သည်။ထိုအပြင် ​နောက်ဆက်တွဲ​မြေငလျင်ငယ်များဆက်တိုက်လှုပ်ရှား​နေသည်။

မအူပင်​မြေငလျင်နှင့် နာရီပိုင်းသာခြား၍ မတ်လ ၅ ရက်မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်ကို ဗဟိုပြု၍ နေ့လယ် ၁၂နာရီ ၆မိနစ်၌ ရစ်ခ်ျတာစကေး ၅ဒဿမ၄ အဆင့်ရှိအင်အားအသင့်အတင့်ရှိ ​မြေငလျင် တစ်ကြိမ်၊ နေ့ခင်း ၁နာရီ ၂၀မိနစ်၌ ရစ်ခ်ျတာစကေး ၄ဒဿမ၁အဆင့်ထပ်လှုပ်ခဲ့ကြောင်း ထိုင်းဘူမိနှင့် မိုးဇလဌာန(TMD)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၏ ​မြေငလျင်ဇုန်ပြ​မြေပုံ

ကမ္ဘာတစ်ဝန်း​မြေငလျင်လှုပ်ရှားမှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​နေ​သော USGS ကလည်း မြေငလျင်မှာ ၅ဒဿမ၄ ပြင်အားရှိပြီး အိန္ဒိယတိုင်ငံနယ်စပ် ရှိ Wāngjing မြို့၏ အ​ရှေ့ဘက် ၆၂ ကီလိုမီတာ (၃၈ မိုင်​ကျော်) အကွာအ​ဝေးရှိ မြန်မာနိုင်ငံ ကိုဗဟိုပြု၍ ​လှုပ်ရှားခဲ့​ကြောင်းထုတ်ပြန်သည်။​မြေ​အောက်အနက် ၈၈ ကီလိုမီတာ

(၅၄ မိုင်​ကျော်) တွင်ဗဟိုပြုလှုပ်ခတ်​သော ​ဇော်နက်ငလျင်ဖြစ်သည်။ ​​မြေငလျင်မှာ ​ဇောက်တိမ်ပါကဖျက်အားပိုပြင်းပြီး ​ဇောက်နက်လျင်ဖျက်အားပိုနည်း​ကြောင်း ​​မြေငလျင်ပညာရှင်များက​ပြောသည်။

​ဟုမ္မလင်း​မြေငလျင်​မှာ အင်အားအသင့်အတင့်ရှိပြီး ငလျင်​ကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊မရှိကိုမူမသိရ​သေး​ပါ။

မနက်ပိုင်းကလှုပ်ခတ်ခဲ့​သော ​မြေငလျင်ကို ရန်ကုန်မြို့​​နေပြည်သူများပါသိရှိခံစားခဲ့ရ​သည်။

ရန်ကုန်သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့် ငလျင်လှုပ်နိုင်သလို ဒေးဒရဲ ပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ မြန်မာနိုင်ငံ​မြောင်ပိုင်းမှ ​တောင်ပိုင်းသို့ ​ဒေါင်လိုက် ပဲခူးမြို့နယ် ၊ဧရာဝတီ မြစ်ဝကျွန်း​ပေါ်မှ ကပ္ပလီပင်လယ်အထိကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့တွင် ငလျင် လှုပ်စေသည်ဟု ငလျင်ပညာရှင်တချို့က ပြောသည်။

ဟုမ္မလင်းမြို့နယ် တွင်လှုပ်​သောငလျင်ကို ​​မြေပုံ​ပေါ်တွင်​တွေ့ရပုံ

ဟုမ္မလင်းမြို့အပါအဝင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသများသည် စစ်ကိုင်းပြတ်ရွေ့နှင့်ဆက်စပ်နေသည်။မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း မတူညီသည့်ဒေသများ၌ ငလျင်များ မကြာခဏလှုပ်နေသည်။

မတ်လ ၃ရက် နံနက်၁၀နာရီ ခန့်ကလည်းဧရာဝတီတိုင်းဖျာပုံမြို့ကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ဒဿမ၅ အဆင့် ငလျင် လှုပ်ခဲ့သည်၊ အဆိုပါငလျင်လှုပ်ရှားသည်ကိုရန်ကုန်မြို့၌လည်း သိသိသာသာ ခံစားခဲ့ရသည်။

ကီလိုမီတာ ၁၂၀၀ ရှည်သော စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအထက်ပိုင်းဟူးကောင်းချိုင့်ဝှမ်းမှ ​တောင်ပိုင်း ကပ္ပလီပင်လယ်ပြင်ထဲအထိ ​တောင်​မြောက် ဖြတ်သန်းသွား​​သည်၊ပြတ်ရွေ့ကြောတ​လျှောက် ငလျင်များမကြာခဏလှုပ်ခတ်​လေ့ရှိသည်။ရန်ကုန်၊ မန္တလေး အပါအဝင် လူဦးရေနှင့် အထပ်မြင့်အဆောက်အဦများသော ဒေသများ၌ ငလျင်အန္တရာယ်သတိပြုနေထိုင်သင့်ကြောင်း ပညာရှင်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။