Connect with us

Hi, what are you looking for?

သတင်း

ပတ္တရားက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ မြန်မာနဲ့ တရုတ် နှစ်ဒါဇင်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

khaosodenglish.com

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

ချောင်ဘူရီ ပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံး မြို့ထဲက ဇိမ်ခံအိမ်ကြီးတချို့ ဆောက်လုပ်ရာ နေရာတွေမှာ တရားမဝင် အလုပ်လုပ်နေသူ နိုင်ငံခြားသား ၂၅ ဦးကို ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့၊ အထူးသဖြင့် ပတ္တရားမှာ ငှားရမ်းထားတဲ့ အိမ်ခြံမြေတွေကို တရားမဝင် ဟိုတယ်တွေအဖြစ် ဖွင့်လှစ်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ပတ္တရား ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး မန်ရော့သောင်ရဲ့ ညွှန်ကြားချက်အပြီး အခုလို ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တရုတ်နဲ့ မြန်မာ အလုပ်သမား ၄၀ ဝန်းကျင်လောက် ရှိနေတယ်ဆိုတဲ့ ဆောက်လုပ်ရေး လုပ်ငန်းနေရာ တချို့အကြောင်း သတင်းပေး တိုင်ကြားမှုကို လက်ခံရရှိပြီးတဲ့နောက် စုစုပေါင်း အိမ် ၂၀ လောက် ဖြန့်ကျက် တည်ဆောက်နေတဲ့ နေရာ ၄ ခုကို ရဲတွေက မတ်လ ၁၁ ရက်နေ့မှာ ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအခါမှာတော့ တရားမဝင် မြန်မာ အလုပ်သမားတွေကို ကြီးကြပ်နေတဲ့ နိုင်ငံခြားသား တချို့ကိုလည်း စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေက ခိုင်မာတဲ့ စာရွက်စာတမ်း အထောက်အထား မတင်ပြနိုင်တဲ့ တရုတ် ၉ ဦးနဲ့ မြန်မာနိုင်ငံသား ၁၆ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့အားလုံးဟာ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်ကို အသုံးပြုပြီး တရားဝင် ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်ခဲ့တဲ့အတွက် စွဲချက်တင် ခံရမယ်လို့လည်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကို တရားဝင် လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုချက် ယူမထားတဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်မှု မြင့်တက်လာတဲ့ အခြေအနေကို အလေးထား ကိုင်တွယ်ဖို့လိုကြောင်း သတိပေးထားပါတယ်။ အဲဒီထဲမှာ အပေါစား လူသုံးကုန်နဲ့ လက်ဆောင်ပစ္စည်းတွေ ထုတ်လုပ်မှုကစလို့ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေး ကန်ထရိုက် ကိစ္စတွေထိ အတိုင်းအတာမျိုးစုံ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အချက်အလက်တွေအရ ချောင်ဘူရီဟာ မြို့တော် ဘန်ကောက်ပြီးရင် ထိုင်းနိုင်ငံမှာ အိမ်ခြံမြေစျေးကွက် တိုးတက်မှုနှုန်း အမြင့်ဆုံး နယ်မြေတစ်ခု ဖြစ်နေကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှ်စအတွင်း ချောင်ဘူရီ အိမ်ခြံမြေ စျေးကွက် လည်ပတ်မှု တန်ဖိုးဟာ ဒေါ်လာ ၄.၇၂ ဘီလီယံလောက်ထိ ရောက်ရှိနေခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ ထိုင်းနိုင်ငံရဲ့ အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တယားဆီ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး လာရောက်ဆိုက်ကပ်မယ့် ခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဏာပိုင်တွေက လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။