Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာ

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး ယနေ့(မတ်လ ၂၃ ရက်) အလင်းဝင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် ၎င်းယူဆောင်လာသော လက်နက်ခဲယမ်းများ ကို မိုး​ဗြဲ PDFထံပေးအပ်နေစဥ်။ဓာတ်ပုံ - MBPDF

မတ်-၂၃၊၂၀၂၅။ရဲခေါင်/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး ယနေ့(မတ်လ ၂၃ ရက်) အလင်းဝင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ (၅၀၈)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်းရောက်ရှိနေစဥ် MA1 လက်နက်တစ်လက်နှင့်အတူ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

“မိုးဗြဲတိုက်ပွဲအတွင်းကျနော်တို့ MBPDFမှာတော့ နှစ်ယောက်ရှိတယ်။ KNDFနဲ့ အခြားတပ်ရင်းတွေမှာများတယ်။ တိုက်ပွဲကြားကဝင်လာတဲ့သူရှိသလို တပ်အပြောင်းအရွေ့လုပ်တဲ့ချိန် ထွက်ပြေးလာသူတွေလည်းရှိတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်တပ်သားသည် စစ်မှုထမ်းဥပဒေအရ တပ်သားသစ်ဆောင်းခံရသူဖြစ်ပြီး စစ်ကောင်စီ၏ မတရားစေခိုင်းမှု မခံနိုင်သောကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားနေကြောင်းလည်း ၎င်းက MB PDF ထံထွက်ဆိုသည်။

အဆိုပါတပ်သားအား ဆုကြေးငွေများ‌ပေးအပ်ပြီး ဘေးကင်းလုံခြုံသည့် ထိန်သိမ်းရေးဌာနသို့ လွှဲပြောင်းရန်စီစဥ်လျက်ရှိပြီး စစ်ကောင်စီတပ်သားများအနေဖြင့် အလင်းဝင်ရောက်လိုပါက အစဥ်အမြဲကြိုဆိုလျက်ရှိကြောင်းလည်း MBPDFက အသိပေးသည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ရေးလို အပ်ချက်များစွာရှိနေသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သ၍ ထောက်ပို့ကူညီ‌ပေးရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် မြေပြင်ထိုးစစ်တိုင်းတွင် သေဆုံးမှုများနေသည့် စစ်ကောင်စီသည် မိုးဗြဲမြို့ကိုနေ့စဥ်နှင့်အမျှ မီးလောင်ဗုံး အသုံးပြု၍ ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည်။

“ဒီနေ့(မတ်လ ၂၃ ရက်)လည်း အိမ်ကြီး၊အိမ်ကောင်း နှစ်လုံးမီးလောင်းသွားတယ်။ဒရုန်းနဲ့ လာကြဲသွားတာ”ဟု မိုးဗြဲမြို့စစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

ရှမ်း-ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျအောင် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁)ဗျူဟာက ထုတ်ပြန်ထားသည်။

မဟာမိတ်တပ်ပေါင်းစု၏ စိုးမိုးထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်ကြောင်းသုံးကြောင်းနှင့်အတူ နည်းလမ်းမျိုးစုံဖြင့် တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄ လ ကြာရှိလာသည်။

ယခု မတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲကြီးငယ်များ နေ့စဥ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာသူများသောကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မှ လက်နက်ကြီးအကူ ၊ လေကြောင်းအကူ၊ အပြင်တိုက်ခိုက်ရေးဒရုန်းနှင့် ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်ပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းအပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့နယ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ် နှစ်ဦးအလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဧပြီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ရှမ်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့(ဧပြီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

Facebook