Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာ

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး ယနေ့(မတ်လ ၂၃ ရက်) အလင်းဝင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် ၎င်းယူဆောင်လာသော လက်နက်ခဲယမ်းများ ကို မိုး​ဗြဲ PDFထံပေးအပ်နေစဥ်။ဓာတ်ပုံ - MBPDF

မတ်-၂၃၊၂၀၂၅။ရဲခေါင်/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး ယနေ့(မတ်လ ၂၃ ရက်) အလင်းဝင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ (၅၀၈)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်းရောက်ရှိနေစဥ် MA1 လက်နက်တစ်လက်နှင့်အတူ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

“မိုးဗြဲတိုက်ပွဲအတွင်းကျနော်တို့ MBPDFမှာတော့ နှစ်ယောက်ရှိတယ်။ KNDFနဲ့ အခြားတပ်ရင်းတွေမှာများတယ်။ တိုက်ပွဲကြားကဝင်လာတဲ့သူရှိသလို တပ်အပြောင်းအရွေ့လုပ်တဲ့ချိန် ထွက်ပြေးလာသူတွေလည်းရှိတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်တပ်သားသည် စစ်မှုထမ်းဥပဒေအရ တပ်သားသစ်ဆောင်းခံရသူဖြစ်ပြီး စစ်ကောင်စီ၏ မတရားစေခိုင်းမှု မခံနိုင်သောကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားနေကြောင်းလည်း ၎င်းက MB PDF ထံထွက်ဆိုသည်။

အဆိုပါတပ်သားအား ဆုကြေးငွေများ‌ပေးအပ်ပြီး ဘေးကင်းလုံခြုံသည့် ထိန်သိမ်းရေးဌာနသို့ လွှဲပြောင်းရန်စီစဥ်လျက်ရှိပြီး စစ်ကောင်စီတပ်သားများအနေဖြင့် အလင်းဝင်ရောက်လိုပါက အစဥ်အမြဲကြိုဆိုလျက်ရှိကြောင်းလည်း MBPDFက အသိပေးသည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ရေးလို အပ်ချက်များစွာရှိနေသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သ၍ ထောက်ပို့ကူညီ‌ပေးရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် မြေပြင်ထိုးစစ်တိုင်းတွင် သေဆုံးမှုများနေသည့် စစ်ကောင်စီသည် မိုးဗြဲမြို့ကိုနေ့စဥ်နှင့်အမျှ မီးလောင်ဗုံး အသုံးပြု၍ ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည်။

“ဒီနေ့(မတ်လ ၂၃ ရက်)လည်း အိမ်ကြီး၊အိမ်ကောင်း နှစ်လုံးမီးလောင်းသွားတယ်။ဒရုန်းနဲ့ လာကြဲသွားတာ”ဟု မိုးဗြဲမြို့စစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

ရှမ်း-ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျအောင် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁)ဗျူဟာက ထုတ်ပြန်ထားသည်။

မဟာမိတ်တပ်ပေါင်းစု၏ စိုးမိုးထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်ကြောင်းသုံးကြောင်းနှင့်အတူ နည်းလမ်းမျိုးစုံဖြင့် တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄ လ ကြာရှိလာသည်။

ယခု မတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲကြီးငယ်များ နေ့စဥ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာသူများသောကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မှ လက်နက်ကြီးအကူ ၊ လေကြောင်းအကူ၊ အပြင်တိုက်ခိုက်ရေးဒရုန်းနှင့် ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။