Connect with us

Hi, what are you looking for?

သတင်း

CDF ဇိုဖေဌာနချုပ် လေကြောင်းတိုက်ခိုက်မှုမျိုး စစ်တပ်က ဆက်လုပ်လာနိုင်ဟု CNF ပြော

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

(၂၀၂၆ ဇွန်လဆန်းက ချင်းပြည်နယ်ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲနေစဉ်။ ဓာတ်ပုံ - Screengrab)

ဇွန် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ CDF ဇိုဖေ ဌာနချုပ်ကို စစ်တပ်က ဇွန်လ ၁၁ရက်မှာ တိုက်လေယာဉ်၊ Y12 လေယာဉ် စုစုပေါင်း လေယာဉ် ၈ စီးနဲ့ ဗုံးသီး အလုံး ၆၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာပါ။ အချိန်တနာရီခွဲအတွင်း အကြိမ်ပေါင်း ၁၅ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီး ၆၀ ကျော်ထဲမှာ ပေါင် ၅၀၀ ဖျက်အားပြင်းဗုံး ၁၁လုံး အသုံးပြု တိုက်ခိုက်ခဲ့ဟု ဇိုဖေရမ် ကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဇိုဖေရန် ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ အမျိုးသမီး ၁ဦး ကျဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလို ပြည်တွင်းပဋိပက္ခမှာ ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဇိုဖေရမ်ကောင်စီ က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏသိမ်းစစ်တပ်ရဲ့ အခုလို လေယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတာဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်မှာ ပြောသလို PDF အပါအဝင် ဒေသကာကွယ်ရေးတပ်တွေ ကို ဦးစွာ ရှင်းလင်းမယ်ဆိုတဲ့ ပြောဆိုချက်ကို ဖော်ဆောင်နေတာဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောပါတယ်။

ဒါ့အပြင် ချင်းအမျိုးသားတပ်မတော်(CNA) အပါအဝင် အခြားတော်လှန်ရေးတပ်တွေ ရဲ့ ဌာနချုပ်တွေ အခုလို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဖို့ စစ်အုပ်စုက မူလကတည်းက ချမှတ်ထားပြီးဖြစ်တာ တွက်လို့ရကြောင်းလည်း ဆလိုင်းထက်နီက ပြောပါတယ်။ စစ်တပ်ရဲ့ အခုလို တိုက်ခိုက်မှုတွေဟာ နယ်မြေစိုးမိုးရေး၊ အဓိက ကျတဲ့ လမ်းကြောင်းတွေ စိုးမိုးရေး ရည်ရွယ်ချက်ကို ဖော်ဆောင်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“သူကတေ့ မြို့ကနေ တဆင့်မြို့နယ်ကို အဲဒီလိုမျိုး စိုးမိုးဖို့ဆိုတာ သူတို့ရဲ့ အရင်ကတည်းက ချပြီးသားဖြစ်တယ်။” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု၊ စစ်ရေးလှုပ်ရှားမှုတွေအပြင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လက်လက် တွန်းလှန်သွားရမယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

စစ်တပ်ဟာလက်ရှိမှာ ဒရုန်းတွေသုံးပြီး စစ်မှုထမ်းတပ်သားသစ်တွေ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေ စတဲ့ အင်အားတွေ ရင်းပြီး လူလှိုင်းစစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ်တာဖြစ်လို့ တော်လှန်ရေးဘက်ကလည်း အတက်နိုင်ဆုံး လုပ်စရာရှိတာ ဆက်လုပ်သွားမှာဖြစ်ကြောင်း ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook