Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှ MNDAAအလံ ဖြုတ်ချခံရ

တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင် လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ(၁) အလံကို ပြန်လည်ဖြုတ်ချလိုက်ပြီဟု ဒေသခံများက ပြောသည်။

လားရှိူးမြို့ မြို့တော်ခန်းမရှေ့တွင် MNDAA အလံနှင့် အထူးဒေသ-၁ အလံကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ဖယ်ရှားပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၂၁၊ ၂၀၂၅။ ခွာညို/People’s Spring

တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင် လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ(၁) အလံကို ပြန်လည်ဖြုတ်ချလိုက်ပြီဟု ဒေသခံများက ပြောသည်။

“MNDAA အလံရော၊ အထူးဒေသ(၁)အလံရော ဒီမနက် မတွေ့တော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုနေရာတွင် မူလက MNDAAတပ်ဖွဲ့ အလံ၊ အထူးဒေသ(၁)အလံနှင့် မြန်မာနိုင်ငံအလံကို လွှင့်ထူထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအလံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ယမန်နေ့ညက လိုက်ဖြုတ်ခဲ့ခြင်းဟု သတင်းရရှိသည်။ ထိုသို့ ဖြုတ်ချနေချိန်တွင် လားရှိုးမြို့အနီး ပေါက်ကွဲသံငါးချက်ထက်မနည်းထွက်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းသည် လားရှိုးမြို့သို့ ရောက်နေပြီး ယနေ့နံနက်ပိုင်းမှစ၍ MNDAA၊ တရုတ်နှင့် စစ်ကောင်စီ သုံးပွင့်ဆိုင်ဆွေးနွေးနေသည်။ ဆွေးနွေးပွဲတွင်တိန့်ရွှီကျွင်း၊ စစ်ကောင်စီ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် MNDAAအထွေထွေအတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်တို့ပါဝင်ကြောင်း သတင်းရရှိသည်။ ‌‌

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA က၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် MNDAA ပြန်ဆုတ်ခွာရပြီး စစ်ကောင်စီက ပြန်ဝင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။