Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှ MNDAAအလံ ဖြုတ်ချခံရ

တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင် လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ(၁) အလံကို ပြန်လည်ဖြုတ်ချလိုက်ပြီဟု ဒေသခံများက ပြောသည်။

လားရှိူးမြို့ မြို့တော်ခန်းမရှေ့တွင် MNDAA အလံနှင့် အထူးဒေသ-၁ အလံကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ဖယ်ရှားပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၂၁၊ ၂၀၂၅။ ခွာညို/People’s Spring

တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင် လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ(၁) အလံကို ပြန်လည်ဖြုတ်ချလိုက်ပြီဟု ဒေသခံများက ပြောသည်။

“MNDAA အလံရော၊ အထူးဒေသ(၁)အလံရော ဒီမနက် မတွေ့တော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုနေရာတွင် မူလက MNDAAတပ်ဖွဲ့ အလံ၊ အထူးဒေသ(၁)အလံနှင့် မြန်မာနိုင်ငံအလံကို လွှင့်ထူထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအလံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ယမန်နေ့ညက လိုက်ဖြုတ်ခဲ့ခြင်းဟု သတင်းရရှိသည်။ ထိုသို့ ဖြုတ်ချနေချိန်တွင် လားရှိုးမြို့အနီး ပေါက်ကွဲသံငါးချက်ထက်မနည်းထွက်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းသည် လားရှိုးမြို့သို့ ရောက်နေပြီး ယနေ့နံနက်ပိုင်းမှစ၍ MNDAA၊ တရုတ်နှင့် စစ်ကောင်စီ သုံးပွင့်ဆိုင်ဆွေးနွေးနေသည်။ ဆွေးနွေးပွဲတွင်တိန့်ရွှီကျွင်း၊ စစ်ကောင်စီ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် MNDAAအထွေထွေအတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်တို့ပါဝင်ကြောင်း သတင်းရရှိသည်။ ‌‌

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA က၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် MNDAA ပြန်ဆုတ်ခွာရပြီး စစ်ကောင်စီက ပြန်ဝင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံ၏စစ်ရေးအထောက်အပံ့ပေးမှု နှင့် မျက်နှာပြောင်တိုက်ကြားဝင်စွက်ဖက်နေမှုသည်လွဲမှားစွာလောင်းကြေးထပ်ခြင်းဖြစ်ပြီး စစ်အုပ်စုကျဆုံးသည့်အခါတွင် မြန်မာပြည်သူများသည် တရုတ်နိုင်ငံ၏ လုပ်ရပ်များအပေါ် အမှတ်ရနေလိမ့်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က သတင်းထုတ်ပြန်သည်။

ဆောင်းပါး

တရုတ်အကူအညီဖြင့် MNDAAလက်ထဲမှလားရှိုးမြို့ကို ပြန်ရထားသည့်စစ်ကောင်စီသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မည်သည့်နေရာတွင် အခြေချမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရမခတိုင်းမှူးကိုလည်း လအနည်းငယ်အတွင်း အသစ်တစ်ဦးထပ်မံခန့်အပ်လိုက်ပြန်သည်။

သတင်း

​စစ်ကောင်စီပြန်ဝင်လာပြီးနောက် ဓားပြတိုက်မှု ၅မှုဖြစ်၊ တရားခံ ဖမ်းမမိသေး

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုက်ရသည့် အခြေအနေမျိုး မကြုံရစေရေး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တအာင်းတပ်မတော်(TNLA)က မေတ္တာရပ်ခံလိုက်သည်။

Facebook