Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ဆက်တိုက်ပွဲဝင်မည်ဟု CDF -KKG ဥက္ကဋ္ဌပြော

အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မဟာမိတ်များနှင့်အတူ လက်တွဲကာ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဆက်လုပ်မည်ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF)-KKG(ကလေး-ကဘော်-ဂန့်ဂေါ) ဥက္ကဋ္ဌ ဆလိုင်း ဇာဘွေထောင် က ပြောကြားသည်။

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများအား CDF-KKG Major Operationအမည်ဖြင့် တိုက်ခိုက် သိမ်းပိုက်မှုအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ဓာတ်ပုံ − Chinland Information Center

▪️ချင်းပြည်နယ်တစ်ခုလုံး ၂၀၂၅တွင် စစ်ကောင်စီ ကင်းစင်ရေးအတွက် ပြင်ဆင်နေဟု CNF ထပ်လောင်း အသိပေး

ဧပြီ၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မဟာမိတ်များနှင့်အတူ လက်တွဲကာ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဆက်လုပ်မည်ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF)-KKG(ကလေး-ကဘော်-ဂန့်ဂေါ) ဥက္ကဋ္ဌ ဆလိုင်း ဇာဘွေထောင် က ပြောကြားသည်။

ယနေ့ (ဧပြီ ၂၁ရက်) နံနက်တွင် ကျင်းပသည့် CNF/CNA နှင့် CDF-KKG၏ သတင်းစာရှင်းလင်းပွဲတွင် ကလေး-ဂန့်ဂေါကြားရှိ စစ်ကောင်စီနှင့် ပျူစောထီးများ၏ အမာခံတပ်စခန်းများအပါအဝင် စခန်း ၅ခု သိမ်းပိုက်နိုင်မှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများကို CDF-KKG ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောသည်။

Public Service Announcement

Public Service Announcement

CDF KKGသည် စစ်အာဏာရှင်နစနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရရှိရေးအတွက် ကြိုးစားပြီး တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ လက်ရှိတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်း ၅ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဥက္ကဋ္ဌ ဆလိုင်းဇာဘွေထောင်က ပြောသည်။

” နောက်ထပ်ကျန်ရှိနေသေးတဲ့ ပျူစောထီးစခန်းတွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်တော့မှာ ဖြစ်ပါတယ်။ ယခုအချိန်ဟာ တနိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်း အားလုံးဟာ အာဏာရှင်စနစ် အဆုံးသတ်ပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် စစ်ကောင်စီကို ဘက်ပေါင်းစုံက တိုက်ထုတ်နေကြတာဖြစ်ပါတယ်”ဟု ဆလိုင်းဇာဘွေထောင်က ပြောသည်။

CDF-KKGသည် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် တထောင့်တနေရာက တိုက်ပွဲဝင်နေကြောင်း ပြောသည်။

“အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးဟာ ကျနော်တို့ အဖွဲ့အစည်းရဲ့ အဓိက ဆိုတဲ့ ရိုးရှင်းတဲ့ရည်မှန်းချက်တွေနဲ့အတူ ရှေ့ဆက်ပြီးတော့ ကျနော်တို့ အဖွဲ့အစည်းဖြစ်ပြီးတော့ ရည်မှန်းချက်တူညီတဲ့ မည်သည့်အဖွဲ့အစည်းတွေနဲ့မဆို ဆက်လက်ပြီး ပူးပေါင်းတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”ဟု ဆလိုင်းဇာဘွေထောင်က ပြောသည်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း လက်ရှိ ချင်းပြည်နယ်ဧရိယာ၏ ရာခိုင်နှုန်း ၉၀ကျော်မှာ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်စိုးမိုးထားဟု ပြောသည်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ အနိမ့်ဆုံးအဆင့် ဒီ ၂၀၂၅မှာတော့ ချင်းပြည်မှာ စစ်ကောင်စီ ကင်းစင်ရေးဆိုပြီးတော့ ချထားတာဖြစ်ပါတယ်။ အဲဒီအတွက် အတက်နိုင်ဆုံး ပြင်ဆင်မှုတွေလုပ်ဖို့ လိုနေသလို လုပ်လည်း လုပ်နေပါပြီ”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီ လေကြောင်းရန်နှင့်ပတ်သက်၍ သတင်းလက်ဦးမှု ရယူနိုင်ရန်လိုအပ်ပြီး ထိုသို့ လုပ်ဆောင်ရာ၌ ချင်းပြည်သာမက တနိုင်ငံလုံးအတိုင်းအတာ လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက စစ်ကောင်စီကနေ လေကြောင်း တိုက်ခိုက်မှုတွေ အမြဲလုပ်နေတာတွေကို ပြည်သူတွေက သိပ်မကြောက်တော့တဲ့အနေအထား တခါတခါရှိတက်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ ပြည်သူ့စစ်သား မဟုတ်သည်နဲ့အညီ ပြည်သူကို ရန်သူလို သဘောထားနေတဲ့ဟာကို ပြည်သူတွေက သိဖို့လိုပါလိမ့်မယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။