မေ-၁၊၂၀၂၅။ကဖီး/People’s Spring
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက ယနေ့ မေလ ၁ရက် နံနက် ၁၀နာရီခွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအတင် အမျိုးသမီး ၄ဦး သေဆုံးခဲ့ရသည်။
ဂျက်ဖိုက်တာဖြင့် ဗုံကြဲခြင်းဖြစ်ပြီး လေးဦးသေဆုံးသည့်အပြင် ကလေးနှစ်ဦးလည်း ဒဏ်ရကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
” ကျနော်တို့ မြေပြင်ကိုလာကြည့်။ ဘာမှစစ်ရေးလှုပ်ရှားမှုရှိမနေဘူး။ အခုသေဆုံးတာ အရပ်သားတွေချည်းပဲဗျ။ ကလေးတွေလည်းပါတယ်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ယောဒေသတွင် ပြီးခဲ့သည်မတ်လ၂၂ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲခဲ့ရာ ဆရာဝန်တစ်ဦးအပါအဝင် ၁၁ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည့်ဧပြီကလည်း သင်္ကြန် ကာလတွင်း စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ အရပ်သား၁၀၀နီးပါး သေဆုံးခဲ့သည်။
