Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် နိုင်ငံရေးပါတီများအား NUCC နှင့် NUG ပူးပေါင်းကော်မတီ တိုက်တွန်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

မေ ၁၀၊ ၂၀၂၅။ People’s Spring

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ဖွဲ့စည်းထားသော အထက်ပါ ပူးပေါင်းလုပ်ငန်းကော်မတီက ‘အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန်စီစဉ်နေသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသို့ အကြံပြုတိုက်တွန်းခြင်း’ခေါင်းစဥ်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

ယနေ့ကာလသည် စစ်တပ်က ပြည်သူ့အာဏာကို မတရားသိမ်းယူရန်ကြိုးစားနေမှု၏ အကျိုးဆက်အဖြစ် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်တို့ အဆိုးဝါးဆုံးအခြေအနေသို့ ကျရောက်နေသည့် ကာလပင်ဖြစ်ကြောင်း အထက်ပါပူးပေါင်းလုပ်ငန်းကော်မတီက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် တိုင်းဒေသ (၄) ခု နှင့် ပြည်နယ် (၁) ခု တို့မှ (၁၇.၄) သန်းခန့်သော ပြည်သူများ ဆိုးရွားပြင်းထန်သော ဘေးဒုက္ခကို ထပ်ဆောင်း ခံစားနေကြရသော ကာလလည်းဖြစ်ပြီး ယခုကဲ့သို့ အခြေအနေ၊ အချိန်အခါသည် ရွေးကောက်ပွဲ ကျင်းပသင့်သည့် ကာလမဟုတ်ဆိုသည်ကို လူသားစိတ်ရှိသော မည်သူမဆို နားလည်လက်ခံထားကြမည်သာ ဖြစ်ကြောင်း ပူးပေါင်းလုပ်ငန်းကော်မတီက ဆိုသည်။

လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဟု အာဏာသိမ်းစစ်ကောင်စီက ကြေညာခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ရှင် ပြည်သူတို့၏ ဆန္ဒနှင့်ဆင်းရဲဒုက္ခပေါင်းစုံကို လျစ်လျှူရှုကာ ၎င်းတို့၏အတ္တကို ရှေ့တန်းတင်ထားခြင်းဖြစ်ကြောင်း ထင်ရှားနေသည်ဟုလည်း ဖော်ပြသည်။

ပြည်သူအများစုက တခဲနက်ထောက်ခံထားသော (၂၀၂၀) ရွေးကောက်ပွဲရလဒ်ကို ခိုင်မာသည့် သက်သေပြချက် တစုံတရာမျှမရှိဘဲဖျက်သိမ်းကာ မတရားအာဏာသိမ်းယူရန် ကြိုးစားနေသော အကြမ်းဖက်စစ်အုပ်စုအပေါ် ပြည်သူအများစုက မည်မျှခါးခါးသီးသီး မုန်းတီးလျက်ရှိကြောင်းကို နိုင်ငံရေးပါတီများအနေဖြင့်လည်း သိရှိကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်လက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် မည်သည့်နိုင်ငံရေး လမ်းကြောင်းမျှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိ နိုင်မည် မဟုတ်ကြောင်းနှင့် ထိုဖွဲ့စည်းပုံဖြင့် ကျင်းပသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာများ (Political Crisis)ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်လည်း လုံးဝမဟုတ်ကြောင်း ပူးပေါင်းလုပ်ငန်းကော်မတီက သတိပေးသည်။

စစ်ကိုင်းငလျင်ကြီး၏ သဘာဝဘေးနှင့် လူလုပ်စစ်ဘေးဒဏ်တို့ကြောင့် ပြည်သူ အပေါင်း ဒုက္ခဆင်းရဲကြီးစွာ ရောက်နေချိန် ကျင်းပမည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများကလည်း စိတ်ဝင်စားမည်မဟုတ်ကြောင်း ပူးပေါင်းလုပ်ငန်းကော်မတီက ဆိုသည်။

နာဂစ် ဖွဲ့စည်းပုံ(၂၀၀၈)အခြေခံဥပဒေအောက်က ငလျင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ပါက ပြည်သူတို့၏ ဆင်းရဲဒုက္ခအပေါင်းနှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ရည်ရွယ်ဆောင်ရွက်သော အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြသူများအဖြစ် ပြည်သူများက သတ်မှတ်ကြလိမ့်မည်ကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိကြလိမ့်မည်ဟု တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယုံကြည်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။