Connect with us

Hi, what are you looking for?

သတင်း

MNDAAနှင့် SSPP လားရှိုးမြို့နယ်၌တိုက်ပွဲဖြစ်

MNDAA နှင့် SSPP တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang ၊ SSPP

ဇွန်-၁၊၂၀၂၅။ကဖေး၊ထားမြတ်/People’s Spring

လားရှိုးမြို့နယ်အတွင်း MNDAA နှင့် SSPPတိုက်ပွဲဖြစ်ခဲ့ပြီးကျေးရွာ ၄ရွာမှ​ဒေသခံများစစ်ဘေးရှောင်နေရ​ကြောင်း SSPP က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက်မွန်းလွဲပိုင်း ၁ နာရီချိန်မှ ၂ နာရီခွဲဝန်းကျင်တွင် လားရှိုးမြို့နယ်၊ နားလိုင်ကျေးရွာအနောက်ဘက် ရွာအထွက်လမ်းကို SSPP/SSA စစ်ကြောင်းထွက်နေချိန် MNDAA တပ်မ အမှတ် (၆၁၁) လက်အောက်ခံတပ်ကခြုံခိုတိုက်ခိုက်၍နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ခြင်းဟုဆိုသည်။

တိုက်ပွဲတွင် MNDAAတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာညနေ ၄ နာရီချိန်တွင် ဟန်နားကျေးရွာ၌တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟု ဆိုSSPPက​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

MNDAAတပ်ဖွဲ့ဝင် ၈ဦး ကျဆုံးကြောင်း SSPP ၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပေ။သို့​သော် MNDAAတပ်ဖွဲ့ဝင်အချိုကျဆုံးခဲ့ကြောင်းဒေသခံသုံးဦးက ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်၍SSPPထံ ဆက်သွယ်မေးမြန်းရာ ပြန်လည်​ဖြေကြားခြင်းမရှိ​သေးပေ။အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ MNDAAက သတင်းမထုတ်ပြန်သေးပေ။။

SSPP ထောက်ခံသည့် ဒေသခံတစ်ဦးက”ကိုးကန့်(MNDAA)ကကျူးကျော်ဝင်လာတာဖြစ်ပါတယ်။SSPP က သူ့အလုပ်သူ လုပ်တာပါ”ဟုပြောသည်။

အခြားဒေသခံတဦးကမူ ယ​နေ့ဖြစ်ပွားသောတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စိတ်ပျက်စရာအခြေအနေဖြစ်ကြောင်း ပြောသည်။

“တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မအလကိုမတိုက်ပဲ အချင်းချင်းတိုက်နေတယ်။ စိတ်ပျက်စရာကောင်းပါတယ်ဗျာ။ကျနော်တို့တွေထွက်ပြေးနေရပြန်တယ် “ဟု ပြောသည်။

ည နေ ၅နာရီခန့်၌ MNDAA တပ်ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲငြိမ်သက်နေသော်လည်း နှစ်ဖွဲ့စလုံးကအင်အားဖြည့်တင်းနေ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားကို ဒေသခံများကစိုးရိမ်နေသည်ဟု SSPPဖော်ပြထားသည်။

နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။

​ဒေသခံသတင်းရင်းမြစ်တဦးကလည်း “ကျောက်မီးသွေးအတွက်ပါပဲ။SSPPနဲ့ MNDAA ထိပ်တိုက်တွေ့နေတဲ့ နေရာအားလုံးက အရင်က ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေးဝင်တူးနေတဲ့နယ်တွေပါ။မူလက SSPP တပ်ရှိတာ။ဟန်နားရွာနားက နမ့်မရွာဆိုတာ အရင်က SSPPဗျူဟာ(၁၀) ထိုင်တာ။အဲ့နယ်တစ်ဝိုက်က SSPPအခြေစိုက်ရွာတွေ။ ဘယ်အဖွဲ့မှလည်း ဝင်မလာဖူးဘူး”ဟုပြောသည်။

ရေရှည်တွင်နှစ်ဖက်တိုက်ပွဲကျယ်ပြန့်လာနိုင်ခြင်း ရှိ၊မရှိမှာ ပြောရခက်ဟု ၎င်းကဆိုသည်။

“မဟာမိတ်လည်း ဖြစ်တယ်။ရန်ငြိုးရန်စလည်း မရှိထားတော့ကျောက်မီးသွေးတစ်ခုတည်းအတွက်နဲ့ အဲ့လောက်ကြီး အဖြစ်ခံကြမလားပေါ့”ဟု အထက်ပါသတင်းရင်းမြစ်ကဆက်ပြောသည်။

ဧပြီလ၂၉ ရက်နေ့ကလည်းသီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းကို ဖယ်ရှားရန်MNDAAကလာရောက်တောင်းဆိုရာမှတိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဖြေရှင်းမည်ဟု SSPPက မတ်လ ၃၀ ရက်ထုတ်ပြန်ခဲ့သည်။

MNDAAနှင့် SSPPသည် KIA ၊AA၊UWSA၊ NDAA၊ TNLA တို့နှင့်ဖွဲ့စည်းထားသောပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) တွင်ပါဝင်သည်။

တရုတ်နိုင်ငံ​၏ စွက်ဖက်မှုဖြင့် MNDAA သည် ဧပြီလတွင် လားရှိုးမြို့​ပေါ်မှ ပြန်ဆုတ်​ပေးပြီး စစ်​ကောင်စီက လားရှိုးမြို့​ပေါ်တွင် ပြန်လည်တပ်စွဲထားကာ ၊MNDAA က လားရှိုးမြို့နယ်ရှိ ​ကျေးရွာများ၌ တပ်စွဲ​နေခြင်းဖြစ်သည်။ SSPP သည် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​တပ်နှင့် စစ်​ရေးတင်းမာမှု အချို့ရှိခဲ့​သော်လည်းစစ်တပ်နှင့် ကြီးမား​သောတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ RCSS ၊ MNDAA တို့နှင့်မူ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။