Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ လူမြင်ကွင်းမှာ အမျိုးသမီးတစ်ဦးကို ဓားနဲ့ ရန်ပြုပြီး လုယက်

မန္တလေးမြို့လယ်ခေါင် လူစည်ကားရာနေရာမှာ မနေ့ (ဇွန်လ ၆ ရက် ) က အမျိုးသမီး တစ်ဦး ကို ဓားနဲ့ရန်ပြုပြီး ငွေလုယက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီ ဆီကသိရပါတယ်။

ဓာတ်ပုံ - မဏီစလ လူမှုကူညီရေးအသင်း/FB

ဇွန် – ၇၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့လယ်ခေါင် လူစည်ကားရာနေရာမှာ မနေ့ (ဇွန်လ ၆ ရက် ) က အမျိုးသမီး တစ်ဦး ကို ဓားနဲ့ရန်ပြုပြီး ငွေလုယက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီ ဆီကသိရပါတယ်။

ဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ် ၊ ၈၇ လမ်း ၊ ၃၃လမ်းနဲ့ ၃၄ လမ်းကြား မှာ နေ့ ခင်း ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။

လုယက်ခံရတဲ့ အမျိုးသမီးဟာ ငွေထုတ်ပြီး ပြန်လာချိန်မှာ ဓားနဲ့ ရန်ပြုတဲ့ ဖြစ်စဉ်ကို ကြုံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မဏီစလ လူမှုကူညီရေးအသင်း/FB

” လုယက်တဲ့ဖြစ်စဥ်အသေးစိတ်တော့ မသိဘူးဗျ၊ မိန်းကလေးတစ်ဦး ဓားနဲ့ခုတ်ခံရလို့ သွားပြီးကူညီပေးခဲ့တာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

ရန်ပြုခံရပြီး လုယက်ခံရတဲ့ အမျိုးသမီးက ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ငွေကျပ်သိန်း ၃၀ပါသွားတယ်လို့ပြောဆိုမှုတွေရှိနေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

ဓားနဲ့ ရန်ပြုခံရတဲ့အတွက် အမျိုးသမီးရဲ့ ညာဘက် လက်မှာ ထိခိုက်ဒဏ်ရာရပြီး သွေးတွေ စီးကျနေတာကို အခင်းဖြစ်ပြီးနောက် မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။

အဲဒီအမျိုးသမီးကို မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနဆီ ပို့ဆောင်ပေးလိုက်တယ်လို့ မဏီစလ လူမှုကူညီရေးအသင်း ( မန္တလေးမြို့) က အသိပေးထားပါတယ်။

မြို့ခံအချို့ရဲ့ ပြောပြချက်အရတော့ အခင်းဖြစ်တဲ့နေရာတဝိုက်က CCTV မှတ်တမ်းတွေကို ရဲ က ကြည့်ရှု့စစ်ဆေးသွားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ ဘဏ်တွေ ၊ ရွှေဆိုင်တွေ မကြာခဏဓားပြတိုက်ခံရသလို ၊ လုယက်သတ်ဖြတ်မှုတွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။