Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှာဧည့်စာရင်းကို PSMS​ နဲ့ တိုက်စစ်ပြီး ဖမ်းဆီးမှု​တွေရှိ​နေ

မန္တလေးမြို့မှာ ဧည့်စာရင်းနဲ့ ဒစ်ဂျစ်တယ်​စောင့်ကြည့်​ရေးစနစ်ဖြစ်တဲ့ PSMS နည်းပညာနဲ့တိုက်စစ်တာကြောင့် အရင်ကစစ်အာဏာရှင်ဆန့်ကျင်‌​ရေးဆန္ဒပြပွဲ​တွေမှာပါဝင်ခဲ့တဲ့ အမျိုးသမီးငယ်တဦးဖမ်းဆီးခံခဲ့ရတယ်လို့မြို့ခံတချို့က​ပြောပါတယ်။

မန္တ​လေးမြို့ကို ငလျင်ကြီးမလှုပ်ခင် ၂၀၂၄ ခုနှစ်​အောက်တိုဘာလကုန်ပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-AFP

ဩဂုတ်-၅၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးမြို့မှာ ဧည့်စာရင်းနဲ့ ဒစ်ဂျစ်တယ်​စောင့်ကြည့်​ရေးစနစ်ဖြစ်တဲ့ PSMS နည်းပညာနဲ့တိုက်စစ်တာကြောင့် အရင်ကစစ်အာဏာရှင်ဆန့်ကျင်‌​ရေးဆန္ဒပြပွဲ​တွေမှာပါဝင်ခဲ့တဲ့ အမျိုးသမီးငယ်တဦးဖမ်းဆီးခံခဲ့ရတယ်လို့မြို့ခံတချို့က​ပြောပါတယ်။

ဩဂုတ်လ၂ရက် နေ့ညပိုင်းကအသက် ၂၀ ဝန်းကျင် အမျိုးသမီးဟာ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းက ဟိုတယ်တခုကိုသွား ရောက်တည်းခိုစဉ်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဧည့်စာရင်းနဲ့ PSMSနဲ့ တိုက်စစ်ပြီး ဖမ်းဆီးသွားတာလို့နီးစပ်သူတဦးကပြောပါတယ်။

“အရင်က အမှုဟောင်းလို့သိရတယ်။ကောင်မလေးနဲ့ နီးစပ်သူ တွေက လွန်ခဲ့တဲ့၃နှစ်လောက်ကအဖမ်းခံထားရတာ။အခုဟိုတယ်သွားတည်းမှဧည့်စာရင်းနဲ့ ညပိုင်းဝင်ဆွဲသွားတာ “လို့ နီးစပ်သူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

PSMS(Person Scrutinization and Monitoring System)ဟာ တရုတ်နည်းပညာကုမ္ပဏီတခုက စစ်​ကောင်စီကိုအကူအညီ ပေးထားတာဖြစ်ပြီး စစ်တပ်ရဲ့ စစ်ဆေးရေး ဂိတ်၊ဟိုတယ်၊တည်းခိုခန်း စတဲ့မှတ်ပုံတင်စစ်ဆေးတဲ့နေရာတွေမှာမှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်လိုက်တာနဲ့ကွန်ပျူတာမှာ စစ်ကောင်စီကတပ်ထားတဲ့ ပုဒ်မပေါ်လာတဲ့ ဒစ်ဂျစ်တယ် ​စောင့်ကြည့်​ရေးနည်းပညာဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ်ကို အကြမ်းဖက်တိုက်ဖျက် ရေးဥပ ဒေပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဒီနည်းပညာကိုအာဏာသိမ်းခေါင်းဆောင်မင်း အောင်လှိုင် ပြင်ဦးလွင်မြို့ကိုလာစဉ် ဧပြီလက စတင်အသုံးပြုခဲ့ပြီးပြည်သူ ၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။

အခုချိန်မှာမြို့ဝင်ဂိတ်အားလုံးကိုမှတ်ပုံတင်နံပါတ်နဲ့ တိုက်စစ်တာတွေပြုလုပ်နေပြီး CDMဝန်ထမ်း​တွေ ၊အရင်က ​တော်လှန်​ရေးကိုကူညီတယ်စွပ်စွဲချက်နဲ့ Kpay အ​ကောင့်ပိတ်ခံရသူ​တွေစတဲ့သူ​တွေဟာ မြို့ဝင်ဂိတ်တွေ၊ဟိုတယ်​တွေ၊ တည်းခိုခန်း​တွေဧည်စာရင်းတိုင်ရချိန်မှာ PSMS ​ကြောင့် ဖမ်းဆီးခံရ​တွေများလာတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။