Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်သားနှစ်ဦးကို ရဲတွေပစ်ခတ်လို့ သေဆုံးဟု တောင်သာပကဖ ပြော

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

မြန်မာ-တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာတစ်​နေရာတွင် ပိုက်လိုင်းတည်​ဆောက်စဥ်ကမြင်​တွေ့ရပုံ။ ဓာတ်ပုံ - Francis Wade

သြဂုတ်-၁၁၊၂၀၂၅။ရဲခေါင် /Peoples Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(သြဂုတ် ၁၁ရက်) နံနက် ၁၁နာရီဝန်းကျင်မှာ တောင်သာမြို့နယ် အေးရွာကျေးရွာအနီးက တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ဝဲလောင်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှူးရာဇာကြီး ဦးဆောင်တဲ့ အဖွဲ့က သွားရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။

“ကျောက်ဖြူကနေ တရုတ်ပိုက်လိုင်းက တောင်သာ၊နွားထိုးကြီးဖြတ်ရတာမှာ တောင်သာမြို့ရဲ့ အ နောက်တောင်ဘက်အေးရွာမှာ Gas Station ရှိတယ်။အဲဒါကတော့ အသေးစား ပုံစံမျိုး။စောင့်ကြပ်ရုံသဘောမျိုးပဲ။အေးရွာနဲ့ ဝဲလောင် ကတော့ ရွာချင်းဆက်။ဝဲလောင်-ကျောက်ပန်းတောင်း ပေါ့။အေးရွာရဲ့ စကစတွေက ဝဲလောင်ပေါ်တက်ပြီ လက်ဖက်ရည်သောက် ကြတာပေါ့ဗျာ။အဲဒါကို ရဲစခန်းက ရဲစခန်းမှူးဦးဆောင်အဖွဲ့က ရွှေမန္တလေးလက်ဖက်ရည်ဆိုင်ထဲ ပစ်ခတ်တာ”လို့ တောင်သာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံစစ်ရေးသတင်းရင်း မြစ်က လည်း “ပစ်ခတ်မှု က သေချာပေါက်ဖြစ်သွားတယ်။ ဝဲလောင်ကို စကစ တပ်သားတွေကို အရင်ကထက် ပိုရောက်နေကြတယ်”လို့ ပြောပါတယ်။

အခင်းဖြစ်စဉ်နဲ့ သေဆုံးတဲ့အကြောင်းအရင်းကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

“သေသေချာချာမသိတော့ လေယာဥ်တွေလာတော့မယ်ထင်ပြီး ပြေးဖို့လုပ်နေကြသေးတာ”လို့ ဒီကနေ့ မနက်ပိုင်းပစ်ခတ်မှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဝဲလောင် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

အခုနှစ် မေလကစပြီး တောင်သာမြို့နယ် အပါအဝင် မြင်းခြံ၊နွားထိုးကြီးနဲ့ ငါးဇွန်မြို့နယ်က စစ်ကောင်စီရဲ့ ဂိတ်စခန်း၊ရဲစခန်းတွေနဲ့ စစ်ကောင်စီ တပ်သားတွေရှိရာ ဂတ်စ်ပိုက်လိုင်း နေရာတွေကို မြင်းခြံခရိုင်စစ်ဆင်ရေးအဖြစ် တောလှန်ရေးတပ်တွေက တိုက်ခိုက်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးပြီး လက်နက်ဆယ်နဲ့ချီသိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ မြင်းခြံခရိုင်စစ်ဆင်ရေးကိုလည်း ဆက်လက်အကောင်အထည်ဖော်နေကြောင်းလည်း တောင်သာ ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် တောင်သာမြို့နယ်အပါအဝင် အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေကို အရှင် ဖမ်းမိထားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။