Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်တွင်အမျိုးသမီးတဦးကို ရိုက်နှက်​သော KIA အရာရှိကို ဒေသခံများဆန္ဒပြ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

KIAရုံးရှေ့ အမှုဖြေရှင်းပေးရန် အမျိုးသမီးများ တောင်းဆိုနေစဉ်။ ဓာတ်ပုံ − Screen Grab

ဩဂုတ်-၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဩဂုတ်၂၉ရက်ကလန်ဆယ်ရွာရှိစားသောက်ဆိုင်တခုတွင် KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်နှင့် အမျိုးသမီး တဦးတို့အကြားအချင်းများရာမှတဆင့်ထိုးကြိတ်ရိုက်နှက်မှုဖြစ်ခဲ့ကြောင်း ​ဒေသ ခံအချို့ကရိုက်နှက်ခံရသည့် အမျိုးသမီးကို ထိပ်တုံးခတ်ခံရသည့် ရုပ်သံမှတ်တမ်းကို သြဂုတ် ၃၀ ရက်မနက်ပိုင်းတွင် ဖော်ပြခဲ့သည်။

“ဒီမှာ ခြောက်ပေါက်(ထိပ်တုံး)ထည့်ထားပေးတယ် မိန်းကလေးတယောက်ကို။ မိန်းကလေးတောင် ဒီလောက်ရိုက်ထားတယ် ယောက်ကျားလေးဆို ဘယ်လောက်ရိုက်မလဲ။ဒူကဘာ ဂျာလီအောင်လုပ်တာတဲ့ ဒါ”ဟု ဒေသခံများက ပြောဆိုနေသည်ကို ရုပ်သံ၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်KIA အရာရှိရိုက်နှက်မှုကိုခံရသည့်အမျိုးသမီးတဦး၏ပြောဆိုချက်ရုပ်သံမှာလည်းထပ်မံပြန့်နှံ့ခဲ့သည်။ကာယကံရှင်အမျိုးသမီးကလည်း ဖြစ်စဉ်ကို ရှင်းပြရာ “ငါတို့နှစ်ယောက်ကို မမြင်ချင်ဘူးလို့ ပြောတာ သူက။ မမြင်ချင်ရင် ရတယ် ငါတို့ ပြန်မယ်လို့ ပြောလိုက်တာနဲ့ အခု ဒီမှာ မမြင်ချင်ဘူး ပြောတာမဟုတ်ဘူးတဲ့ ဒီလန်ဆယ် ပေါ်မှာ မမြင်ချင်တာ နင်တို့နှစ်ယောက်ကို ဒီလန်ဆယ်မှာ မမြင်ချင်းဘူး အဲဒီအတိုင်းပြောတာ သူက” ဟု ပြောသည်။

မမြင်ချင်ပါက စျေးဆိုင်၌ ရင်းထားသည့် ငွေကို ပေးပါက ပြန်မည်ဟု ပြောဆိုရာ KIA အရာရှိက အမျိုးသမီးအား ဆွဲခေါ်သွားပြီး နောက် ဆက်

လက်အချင်းများခဲ့ကြောင်း၊ ရွှေခိုးသည်ဟု KIAအရာရှိက စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်းရုပ်သံ၌​ပြောထားသည်။

စွပ်စွဲခံရ၍ စိတ်တိုသောကြောင့် စားပွဲခုံကို အမျိုးသမီးက ထုလိုက်ရာ KIAအရာရှိက ပြန်ဝင်လာပြီး လာထိုးခြင်းဖြစ်သည်ဟု ပြောပြသည်။

KIAအရာရှိ တပည့် ၂ဦးက အမျိုးသမီးကို ချုပ်ထားကြောင်း၊ ဝါးလုံးဖြင့်လည်းအရိုက် ရိုက်ခံရကြောင်း ရိုက်နှက်ခံရသည့် အမျိုးသမီးက ပြောပြသည်။

ထို​နောက်အမျိုးသမီးကိုရိုက်နှက်ခဲ့သည်ဆို​သော KIA အရာရှိအား ဒေသခံများက ဆန္ဒပြသည့် ရုပ်သံမှာ သြဂုတ် ၃၀ ရက်​နေ့ခင်းပိုင်းတွင်ပျံ့နှံ့လာသည်။

ဆယ်နှင့်ချီ​သော ဒေသခံများက “ဂျာလီအောင်” “အလိုမရှိ” ဟု​အော်ဟစ် ၍စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်ကိုတွေ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းရန် People’s Spring က ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

လန်ဆယ်ဒေသအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို KIA ပူးပေါင်းတပ်က ၂၀၂၄ နှစ်ကုန်ပိုင်း၌ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သိမ်းပိုက်ခဲ့သည့် နယ်မြေများအနက် လန်ဆယ်တွင် ရွှေလုပ်ကွက်များလည်းရှိရာ အဆိုပါဒေသ၌ KIA နှင့် ဒေသခံအချို့အကြား ယခင်ကလည်း ပြဿနာအချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။