Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းအစိုးရအိမ်တော်နားမှာမြေယာပိုင်ဆိုင်ခွင့်အရေးဆန္ဒပြသူတွေ ဆက်လက်စုဝေးနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - Thai Enquirer

သြဂုတ် – ၁၁ ၊၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

တရားမျှတတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုလို့ ခေါင်းစဉ်တပ်ပြီး P-Moveလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဆန္ဒပြပွဲတွေဟာ ဩဂုတ် ၁၁ ရက်နေ့မှာ ၉ ရက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာမြေယာမဲ့တွေ၊လယ်သမားတွေနဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေရဲ့ မြေယာဆိုင်ရာ အခွင့်အလမ်းတွေကို ဥပဒေတွေနဲ့ အကာအကွယ်ပေးဖို့၊ အခုနှစ် စက်တင်ဘာလမှာ ဖျက်သိမ်းဖို့ ရည်ရွယ်ထားတဲ့ မြေယာဘဏ်ကို ဆက်လက် ထားရှိပေးဖို့ အဓိက တောင်းဆိုထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃ ရက်နေ့တုန်းက အင်အား ၁၀၀ လောက် ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ အစိုးရ အိမ်တော်ဆီ ချီတက်ပြီး အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ဩဂုတ် ၄ ရက်မှာတော့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ကနဦးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

P-Move ဆန္ဒပြသူတွေက အစိုးရ အနေနဲ့ မြေယာဘဏ်ရဲ့ လုပ်ငန်း လည်ပတ်မှု သက်တမ်းကို အနည်းဆုံး တစ်နှစ်လောက် ထပ်တိုးပေးဖို့ စဉ်းစားဖွယ်ရှိကြောင်း ကတိကို လက်တွေ့ အကောင်အထည် ဖော်ပေးဖို့ ဆက်လက် တိုက်တွန်းနေပါတယ်။

ဩဂုတ်လ ၆ ရက်နေ့မှာတော့ P-Move လှုပ်ရှားမှုမှာ ပါဝင်သူ တချို့က ပြည်ထဲရေး ဝန်ကြီးဌာန အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် အဆောက်အအုံထဲ ဝင်ခွင့်မရခဲ့သလို ပဋိပက္ခ အခြေအနေတွေ ဖြစ်ပွားပြီး ဆန္ဒပြသူ သုံး ဦး ဒဏ်ရာရခဲ့ပါတယ်။

P-Moveကတောင်းဆိုထားတဲ့အချက်တွေထဲမှာမြေယာဘဏ်ဖျက်သိမ်းမှု အစီအစဉ်နဲ့ ပတ်သက်လို့ ဒုတိယ ဝန်ကြီးချုပ် တစ်ဦးဖြစ်တဲ့ ပါကွန် နီလ်ပရာပွန်ရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို အစိုးရက ပြန်သုံးသပ်ပေးဖို့၊ ဘဏ်ကွပ်ကဲမှု တာဝန်တွေကို ဒုတိယ ဝန်ကြီးချုပ် နောက်တစ်ဦးဖြစ်တဲ့ ဆွန်ဆတ် သောင်သရီဆီ ယာယီ လွှဲပြောင်းပေးဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

နောက်ပြီးဆန္ဒပြသူတွေဟာဝန်ကြီးချုပ်အနုတင်ချန်ဝီယာကူနဲ့လည်း တိုက်ရိုက်ဆွေးနွေးခွင့်တောင်းဆိုထားပြီးဒေသခံလူထုမြေယာပိုင်ဆိုင်ခွင့် အစီအမံတွေ၊မြေယာပြန်လည်ခွဲဝေပေးရေးကိစ္စတွေနဲ့ အမြဲတမ်းမြေယာဘဏ်တစ်ခု တည်ထောင်နိုင်ရေး ဖြစ်နိုင်ခြေတွေကို ရှင်းရှင်းလင်းလင်း သိခွင့်ရလိုကြောင်း ပြောကြားထားကြပါတယ်။

တကယ်လို့ အစိုးရက မြေယာဘဏ်ကို ဖျက်သိမ်းမယ့် အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်မယ် ဆိုရင်တော့ P-Moveရဲ့ ဆန္ဒပြမှုတွေကို ရက်အကန့်အသတ်မရှိ ရေရှည် ချဲ့ထွင်သွားမယ်လို့လည်း သတိပေးထားပါတယ်။

ကိုးကား – Thai Enquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

နိုင်ငံတကာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။