Connect with us

Hi, what are you looking for?

သတင်း

လားရှိူးတွင်သူခိုးဝိုင်းဖမ်းသည့် လူအုပ် ဓားဖြင့် ပြန်ခုတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိူးမြို့တွင် နေအိမ်အတွင်း ဝင်ရောက်ခိုးယူသည့်သူခိုးအား ဝိုင်းဖမ်းစဉ် သူခိုးက ဓားဖြင့်ပြန်ခုတ်၍ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ-၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိူးမြို့တွင် နေအိမ်အတွင်း ဝင်ရောက်ခိုးယူသည့်သူခိုးအား ဝိုင်းဖမ်းစဉ် သူခိုးက ဓားဖြင့်ပြန်ခုတ်၍ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်။

လားရှိုးမြို့၊ရပ်ကွက်(၁၂)၊ဆင်းရွှေလီ(၅)လမ်းတွင်စက်တင်ဘာလ ၄ရက် ည ၇နာရီခန့်က အဆိုပါ ဖြစ်စဉ်ဖြစ်ခဲ့ပြီး မြို့၏ တရားဥပဒေစိုးမိုးမှုကင်းမဲ့ပုံကို ဒေသခံများက စိတ်ပျက်နေကြသည်။

” သူခိုးက ဓားနဲ့ ခုတ်ပြီး အလွတ်ပြေးဖို့ကျန်တာ။ ဝိုင်းဖမ်းတဲ့လူများတော့ မိတာကမိတယ်။ ရပ်ကွက်ထဲက နှစ်ယောက်ကတော့ တော်‌တော် ထိသွားတယ်။ ပြီးတော့ တစ်ရပ်ကွက်လုံး ကြောက်နေကြရတာဗျာ”ဟုလားရှိုးမြို့၊ရပ်ကွက်(၁၂)၌ နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူနှစ်ဦးကို လားရှိုးဆေးရုံသို့ လူမှုရေးအဖွဲ့များက ပို့ဆောင်ခဲ့ကြပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီလတွင် ပြန်လည်ရယူပြီးနောက်ပိုင်း စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ကောင်းစွာ လည်ပတ်ခြင်းမရှိ‌ပေ။

လုယက်မှုများ၊ ခိုးမှုများ၊ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။

သြဂုတ်၂၁ရက်က လားရှိုးမြို့ ရပ်ကွက်(၅)တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် ကားကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လူမြင် ကွင်း၌ လုယက်မှုဖြစ်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်အတူ လားရှိုးမြို့ တရားဥပဒေစိုးမိုးမှုမရှိကြောင်း လူမှုကွန်ရက်ပေါ်ဝေဖန်ခဲ့သည့် စစ်ဘေးရှောင်တစ်ဦးကို ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီကဖမ်းဆီးလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။