Connect with us

Hi, what are you looking for?

သတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေးအတွက် NUCC နဲ့ NUG တွေ့ဆုံ

ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ NUCC က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

“အမြန်ဆုံးစတင်မှာပါ။ ဒါကနောက်ဆုံးအဆင့်ပါ။ ကျနော်တို့ဘက်မှာ အချိန်က အမြဲတမ်းအကန့်အသတ်ရှိပါတယ်”

— NUCC ကောင်စီဝင်

စက်တင်ဘာ-၉၊ ၂၀၂၅။ People’s Spring

ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ NUCC က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုများရရှိရေးကို ရည်ရွယ်ကြိုးပမ်းသွားမယ့် ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။

တွေ့ဆုံမှုမှာ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အပြန်အလှန်ဆွေးနွေးခြင်းနဲ့ နှစ်ဖက် ပူးတွဲလုပ်ဆောင်နိုင်ကြမယ့် နည်းလမ်းတွေကို စုစည်းဖော်ထုတ်ခြင်းတွေ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့ကြောင်း NUCC က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“အမြန်ဆုံးစတင်မှာပါ။ ဒါကနောက်ဆုံးအဆင့်ပါ။ ကျနော်တို့ဘက်မှာ အချိန်က အမြဲတမ်းအကန့်အသတ်ရှိပါတယ်”လို့ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။

NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရကို ဆက်သွယ်မေးမြန်းနေဆဲပါ။

တော်လှန်ရေးရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်(Common Political Agreeement)တရပ် ထွက်ပေါ်ဖို့ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ပြီးခဲ့တဲ့ သြဂုတ် ၂၂ရက်မှာ ထုတ်ပြန်အသိပေးခဲ့ပါတယ်။

NUCCဟာ အခြား အဓိကကျတဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးကြားမှာ ဘုံနိုင်ငံရေးသဘောတူညီချက်ရဖို့ ကြိုးပမ်းနေပြီး ၂၀၂၄ တနှစ်လုံးကတော့ လုပ်ငန်းစဥ် ပထမအဆင့် ပြီးစီးခဲ့ပြီလို့ ကောင်စီဝင် ဦးတိုးကျော်လှိုင်က People’s Spring ကို ပြောထားပါတယ်။

သြဂုတ် ၂၂ရက်မှာ NUCC ထုတ်ပြန်ခဲ့တဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်ကြေညာမှုဟာ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဥ်ရဲ့ ဒုတိယအဆင့်ပြီးမြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အဓိကကျတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ထွက်ပေါ်လာတဲ့အထိ လုပ်ဆောင်မှာဖြစ်ပြီး ဒီနှစ်မကုန်ခင်မှာ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်မှာလို့လည်း NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်လာခဲ့တဲ့ စစ်တပ်ဟာ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး နိုင်ငံတဝန်း လေကြောင်းတိုက်မှုတွေ ပိုမိုပြုလုပ်လာသလို အင်အားအများအပြားသုံးကာ မြေပြင်စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

ဒီအခြေအနေမှာ တော်လှန်ရေးရဲ့ ဦးဆောင်အဖွဲ့အစည်းတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အပေါ် ဝေဖန်မေးခွန်းထုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။