Connect with us

Hi, what are you looking for?

သတင်း

မြေပြင်အတွက် ကျပ်သိန်း ၈၀၀ လှူဒါန်းတဲ့ ပြုံးပြုံးလေး အဖွဲ့သားများ

ပြုံးပြုံးလေးရုပ်ရှင်ပြသရာမှ ရရှိတဲ့ငွေတွေကို ပထမဆုံးအကြိမ် လှူဒါန်းမှုအနေနဲ့ ကျပ်သိန်းရှစ်ရာ လှူဒါန်းခဲ့ကြောင်း ဒါရိုက်တာ ကိုပေါက်က အသိပေးထားပါတယ်။

အောက်တိုဘာ-၇၊၂၀၂၅။ဆဏ်း/People’s Spring

ပြုံးပြုံးလေးရုပ်ရှင်ပြသရာမှ ရရှိတဲ့ငွေတွေကို ပထမဆုံးအကြိမ် လှူဒါန်းမှုအနေနဲ့ ကျပ်သိန်းရှစ်ရာ လှူဒါန်းခဲ့ကြောင်း ဒါရိုက်တာ ကိုပေါက်က အသိပေးထားပါတယ်။

“နိုင်ငံတကာမှာ “ပြုံးပြုံးလေး” ရုပ်ရှင်ပြသခြင်းမှ ရရှိငွေများအား ရည်ရွယ်ထားသည့်အတိုင်း ပညာရေး ၅၀% နှင့် မြေပြင်တပ်ရင်းတပ်ဖွဲ့များ ၅၀% သို့ စီးဆင်းရန်အတွက် ရန်ပုံငွေခွဲဝေရေး Zoom မီတင်ပြုလုပ်ခဲ့ပါတယ်” လို့ ပြုံးပြုံးလေး ရုပ်ရှင်ပေ့ခ်ျကထုတ်ပြန်ထားပါတယ်။

ဒီအလှူငွေတွေက ဩစတေးလျ ၊ နယူးဇီလန် ၊ ဂျပန် နဲ့ ထိုင်းမှာ ပြသခဲ့တဲ့ ရုပ်ရှင်ငါးပွဲကနေရရှိခဲ့တာဖြစ်ပြီး ရရှိငွေရဲ့ ရာနှုန်းပြည့်လှူဒါန်းခဲ့တာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Zoom မီတင်ကို ဒေါက်တာဇော်ဝေစိုးအပါအဝင် မြေပြင်တပ်ရင်း တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ပြုံးပြုံးလေး အဖွဲ့သားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလှူငွေတွေကို ပညာဝန်ကြီးဌာနကို ကျပ်သိန်း ၄၀၀၊ KNDF ကို ကျပ်သိန်း ၁၀၀၊ မကွေး PDF ကို ကျပ်သိန်း ၁၀၀၊ မင်းဘူး PDF ကို ကျပ်သိန်း ၁၀၀ နဲ့ ကလလတ ကို ကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြုံးပြုံးလေး အဖွဲ့သား ၄၁ ဦးကိုတော့ သီတင်းကျွတ်မုန့်ဖိုးအနေနဲ့ ဘတ်တစ်ထောင်စီ စုစုပေါင်း ထိုင်းဘတ် ၄၁,၀၀၀ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

ပြုံးပြုံးလေးရုပ်ရှင်ကို မယ်ရီလန်း ၊ ဘော်စတွန် ၊ ဆန်ထရန်စစ္စကို ၊ နယူးယောက် ၊ ကနေဒါ ၊ ဘန်ကောက် နဲ့ မဲဆောက်မြို့တွေမှာ ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။

“နောက်ထပ်နောက်ထပ် ပြသရရှိငွေတွေကိုလည်း ဒီလိုပဲ နွေဦးတော်လှန်ရေးခရီးအတွက် မြေပြင်မှာလိုအပ်နေတဲ့နေရာတွေကို ၁၀၀% ထောက်ပို့ပေးသွားမှာဖြစ်တာမလို့ “ပြုံးပြုံးလေး – Still We Smile” ရုပ်ရှင်ကို ကြည့်ရှုအားပေးရင်း ရန်ပုံငွေမြှင့်တင်ရင်း အနုပညာနှင့်ဆက်လက် တော်လှန်သွားကြပါစို့ခင်ဗျာ။” လို့ ပြုံးပြုံးလေး ရုပ်ရှင်ပေ့ချ်က တိုက်တွန်းထားပါတယ်။

ဒီဇာတ်ကားမှာ မင်းမော်ကွန်း ၊ ကိုပေါက် တို့နဲ့အတူ မြေပြင်က တော်လှန်ရေး ရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။