Connect with us

Hi, what are you looking for?

သတင်း

နေအောင်ပါဝင်တဲ့ “အ​မွေ”ရုပ်ရှင် ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်

စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

(စစ်တပ်​ထောက်ခံသူ​တွေ နဲ့ မင်း​အောင်လှိုင်သမီးမိတ်​ဆွေ​ ရွှေမန်းရဲ့ ရုပ်ရှင်ထုတ်လုပ်​ရေးက ရိုက်ကူးတဲ့အ​မွှေ ဇာတ်ကား​ကြော်ညာဓါတ်ပုံ)

စက်တင်ဘာ-၂၅၊၂၀၂၆။ ဂန္ဓမာ/People’s Spring

စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာ စတင်ရုံတင်ပြသတဲ့ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေအောင်၊ နေတိုး၊ ဇင်အောင်၊ နော်ဖော်အယ်ထားတို့ပါဝင်ထားတဲ့”အမွေ” ရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ ဒီကနေ့မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့တာဖြစ်ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

“မြန်မာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေစံချိန် အနည်းဆုံးကား အဖြစ် စံချိန်တင်သွားပြီဖြစ်။ နာမည်ကြီး မင်းသား နေတိုး ပါသည့်တိုင် ၊ နာမည်ကြီး ဒါရိုက်တာ သြရသ ရိုက်ကူးသည့်တိုင် ကို နေအောင်ကြောင့်ဖြစ်သွား..”လို့ မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမွေရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ သြရသဟာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူဖြစ်ပြီး သူရိုက်တဲ့ ဇာတ်ကားအများစုဟာ ဝင်ငွေစံချိန်တင်တာ၊ ထိုက်သင့်တဲ့ဝင်ငွေရရှိတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ အလားတူ အမွေဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား နေတိုးဟာလည်း လက်ရှိ ထိပ်တန်းသရုပ်ဆောင်ဖြစ်ပြီး သူရဲ့အရင်ကရုံတင်ဇာတ်ကား​တွေဟာ အခုဇာတ်ကားလောက် ဆိုးဆိုးရွားရွား စံချိန်တင် ဝင်ငွေအနည်းဆုံးဖြစ်တာမျိုး မရှိဖူးဘူးလို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

နေအောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ စစ်မှုထမ်းတာနဲ့ ပတ်သက်ပြီး ထောက်ခံပြောဆိုခဲ့လို့ ပြည်သူ​တွေကအပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

“လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး”လို့ ပြောခဲ့ပါတယ်။

အဆိုပါဇာတ်ကားကို အာဏာသိမ်းခေါင်းဆောင်သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် ရွှေမန်း ရဲ့ ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးနဲ့ MRTV-4 တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။စစ်တပ်နဲ့ နီးစပ်သူ​တွေရဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်တာမို့ မဂ်လာရုပ်ရှင်ရုံအုပ်စု ၊ Junction ရုပ်ရှင်ရုံ​တွေမှာပြသတဲ့ J cineplex စတဲ့ရုပ်ရှင်ရုံ​တွေ အကုန်လုံးက ရုံတင်ပြသ​ပေးခဲ့ကြ​ပေမယ့်ကြည့်ရှုသူစံချိန်တင်နည်းပြီး ရုံဝင်​ငွေအနည်းငယ်ပဲရကာ အနည်းဆုံးစံချိန်တင်ခဲ့တာလို့ ရုပ်ရှင်​လောကသားအချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

သရော်စာ

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

Facebook