Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှာနေ့ခင်း​ကြောင်​တောင် ကားလုယက်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့လယ်ပိုင်းမှာ ကားလုယက်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။

Screenshot

​အောက်တိုဘာ-၁၄၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့လယ်ပိုင်းမှာ ကားလုယက်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။

လားရှိုးမြို့ရပ်ကွက်(၇)ထဲမှာကားပိုင်ရှင်ကိုထိုးကြိတ်ပြီး လူတစ်စုကကားကိုလုယက်မောင်းနှင်ထွက်ပြေးတာလို့ မြို့ခံတစ်ယောက်ကပြောပါတယ်။

ကားပိုင်ရှင်ကနောက်ကနေကားတစ်စီးနဲ့လိုက်ဖမ်းဖို့ကြိုးစားရင်း မြို့ပေါ်ကားလမ်းမမှာ အုတ်အော သောင်းနင်းဖြစ်သွားတယ်လို့ ၎င်းက ပြောပါတယ်။ အဆိုပါ ကားလုယက်​မောင်းနှင်ထွက်​ပြေးမှုကို မြို့​ပေါ်က CCTV တစ်ခု မှတ်တမ်းရုပ်သံမှာ ကားအဖြူတစ်စီးက လားရှိူးမြို့​ပေါ်တ​နေရာ လမ်းကျဥ်းကျဥ်းမှာ ကား​ကြောကြပ်​နေချိန် ဟွန်းတီးပြီး ​အမြန်​မောင်းထွက်​ပြေးသလို ၊​နောက်က​နေ ကားတစ်စီးကလည်း ဟွန်းတီးပြီးလိုက်ဖို့ကြိုးစား​​နေရင်း ကျန်ခဲ့တာကို​တွေ့ရပါတယ် ။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်အ​သေးစိပ် နဲ့ ကားလုယက်သွားသူတွေကိုဖမ်းဆီးရမိခြင်း ရှိ ၊မရှိ​ကို မသိရ​သေးပါဘူး။

ပြီးခဲ့တဲ့သြဂုတ်လ၂၁ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက်(၅)မှာ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ ကားကိုဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကလူမြင်

ကွင်းမှာ လုယက်မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။လားရှိုးမြို့​ပေါ် လူအများ​ရှေ့မှာ အတင့်ရဲစွာကားခိုးတဲ့ဖြစ်စဥ် နဲ့ ပိုဆိုးလာတဲ့ ခိုးဆိုးလုယက် သတ်ဖြတ်မှု​တွေ​ကြောင့် တရားဥပဒေစိုးမိုးမှုမရှိ​တော့ကြောင်း လူမှုကွန်ရက်ပေါ်ဝေဖန်ခဲ့တဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို​တော့ စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့

ဆော်တယ်ဆိုပြီးထောင် ၇နှစ်ချမှတ်ခဲ့ပါတယ်။ ဒါ​ပေမယ့် ကားလုယက်သူ​တွေကို​တော့ ဖမ်းမမိပါဘူး။

လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်(MNDAA) နဲ့ မဟာမိတ်တပ်​တွေက ၂၀၂၄ သြဂုတ် ၃ ရက်မှာအပြီးသတ် သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ ဒါ​​ပေမယ့် တရုတ်အစိုးရရဲ့ ဖိအားပေးမှု​ကြောင့် ၂၀၂၅ ဧပြီလမှာ MNDAAက စစ်ကောင်

စီထံ ကျည် ၁ ချက်မ​ဖောက်ရပဲ ပြန်လွှဲပေးခဲ့ရပါတယ် ။MNDAA ကပြန်လွှဲပေးခဲ့တဲ့လုပ်ရပ်အ​ပေါ် မြို့ခံနေတာဝေဖန်ခဲ့ကြပါတယ်။

စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေမကြာခဏဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်လာလ ၄ရက်ညကလားရှိုးမြို့မှာ နေအိမ်အတွင်း ဝင်ရောက်လာတဲ့ သူခိုးကို ဒေသခံတွေက ဝိုင်းဖမ်းခဲ့စဉ် ဓားနဲ့ ပြန်အခုတ်ခံရပြီး အမျိုးသားနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ မြို့မှာဖြစ်နေတဲ့အမှုတွေကို စစ်ကောင်စီကအရေးယူနိုင်ခြင်းမရှိဘူးလို့ မြို့ခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။