Connect with us

Hi, what are you looking for?

သတင်း

မကွေးထောင်မှာ နိုင်ကျဉ်းတွေကို အလုပ်ကြမ်းခိုင်းစေ

နိုင်ငံအလယ်ပိုင်း ရှိ မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်း အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်အသိပေးပါတယ်။

နိုဝင်ဘာ – ၁၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

နိုင်ငံအလယ်ပိုင်း ရှိ မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်း အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်အသိပေးပါတယ်။

အလုပ်ကြမ်းနဲ့ထောင်ဒဏ်ကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မြေတူးခိုင်းတာ၊ မိလ္လာသန့်ရှင်းရေးလုပ်ခိုင်းပြီး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာလို့ PPNM က ဆိုပါတယ်။

အခုနှစ်အတွင်း အလုပ်ကြမ်း စေခိုင်းခံရသူ နိုင်ငံရေးအကျဉ်းသား ၄၀ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၊မေ ၊ ဇွန်လတွေမှာ အများဆုံး ဖြစ်ခဲ့တာလို့ PPNM ထံကသိရပါတယ်။

Public Service Announcement

Public Service Announcement

“နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ထားဘူး ၊ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ပါတဲ့အတွက် ဒီအလုပ်တွေ လုပ်ရမယ်ဆိုပြီး ခိုင်းတာ” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

ထောင်ဒဏ်မှာ အလုပ်ကြမ်း ပါ တဲ့အတွက် အလုပ်မလုပ်ချင်ရင် ငွေကြေးတောင်းခံတာကလည်း ထောင်တွင်းစီးပွားရေး လို ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့က ဆိုပါတယ်။

မကွေးထောင် ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့ ထောင်စာရင်းထဲပါဝင်ပြီး ထောင်ပြောင်းလာသူတွေကို ဗူးဝမှာတင် ရိုက်နှက်တာမျိုးလုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။