Connect with us

Hi, what are you looking for?

သတင်း

KNU ပူးပေါင်းတပ်ကို တိုက်ခိုက်ခဲ့တဲ့ ဒုတပ်ရင်းမှုးကို DKBA ဖမ်းဝရမ်း ထုတ်

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊မင်းလက်ပံံကျေးရွာမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဦးဆောင်တဲ့ ပူးပေါင်းတပ်ကို ပစ်ခတ်တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တဲ့ ဒုတပ်ရင်းမှုးအဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်အရာရှိကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က နိုဝင်ဘာလ ၂၄ ရက်က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ကျားဖြန့်လုပ်ငန်းကြီးကို လုံခြုံ​ရေး​ပေး​နေတဲ့ DKBA တပ်ဖွဲ့ဝင်​​တွေကို KNU/KNLA ကဖမ်းဆီးပြီး လက်နက်များသိမ်းဆည်းပြီး​နောက်​တွေ့ရစဥ်

နိုဝင်ဘာ – ၂၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊မင်းလက်ပံံကျေးရွာမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဦးဆောင်တဲ့ ပူးပေါင်းတပ်ကို ပစ်ခတ်တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တဲ့ ဒုတပ်ရင်းမှုးအဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်အရာရှိကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က နိုဝင်ဘာလ ၂၄ ရက်က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

DKBA ဗဟိုအခြေချစစ်ဗျူဟာ လက်အောက်ခံ အမှတ်(၉၀၅)တပ်ရင်းမှာ ဒုတပ်ရင်းမှူး တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးစောကျော်ကိုမင်း(ခ) သခွားသီးဟာ အဖွဲ့အစည်းက ချမှတ်ထားတဲ့ စစ်စည်းကမ်း ပုဒ်မ(၂)အရ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တာလို့ DKBA က ဆိုထားပါတယ်။

ဒါ့အပြင် ဗိုလ်သခွားသီးဟာ စစ်စည်းကမ်းပုဒ်မ(၁၃)အရ ပေးအပ်ထားတဲ့ တာဝန်ထက် ကျော်လွန်လုပ်ဆောင်တာတွေကြောင့် သူ့ကို ဖမ်းဆီး၀ရမ်းထုတ်ပြန်လိုက်တာလို့ DKBA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်စည်းကမ်းတွေမှာ ဘာတွေ ပြဌာန်းထားတယ်ဆိုတာတော့ DKBA ရဲ့ ထုတ်ပြန်ချက်မှာမပါရှိပါဘူး။

ဒုတပ်ရင်းမှူး တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးစောကျော်ကိုမင်း(ခ) သခွားသီးကို တွေ့ရှိရင် ဖမ်းဆီးပြီး ဗဟိုစစ်ဌာနချုပ်ထံ အပ်နှံပေးဖို့ DKBA က ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

နိုဝင်ဘာလ ၂၁ ရက်က မင်းလက်ပံရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်နေချိန်မှာ ဗိုလ်သခွားသီးက ပူးပေါင်းတပ်ကို ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဗိုလ်သခွားသီးက ထွက်ပြေးသွားခဲ့ပြီး KNU တပ်မဟာ ၆ ပူးပေါင်းတပ်က မင်းလက်ပံရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းဂွင် ကို ဝင်ရောက်စီးနင်းပြီး အဲဒီ နေရာက ဗိုလ်သခွားသီးရဲ့ တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းလိုက်ပါတယ်။

KNU က တော့ DKBA တပ်အင်အား ၂၃၀ လောက် လက်နက်ချခဲ့သလို ကျားဖြန့် လုပ်ငန်းတွေ လည်ပတ်နေတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ကြောင်း၊ အဲဒီထဲမှာ နိုင်ငံအတော်များများက ကျားဖြန့်ဝန်ထမ်း ထောင်ဂဏန်းလောက်ကိုလည်း တွေ့ရှိခဲ့ကြောင်း ကြေညာပါတယ်။

လက်ရှိမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့တပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် DKBA နဲ့ KNU နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။