Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှာ ဆိုင်ကယ်စီးအမျိုးသမီးကို ကားပေါ်ကသေနတ်နဲ့ပစ်ခတ်လို့ဒဏ်ရာရ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်က သေနတ်နဲ့ပစ်ခတ်တာ​ကြောင့် ဒဏ်ရာရခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်က သေနတ်နဲ့ပစ်ခတ်တာ​ကြောင့် ဒဏ်ရာရခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

နိုဝင်ဘာ-၂၆၊၂၀၂၅။မိထက်/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်က သေနတ်နဲ့ပစ်ခတ်တာ​ကြောင့် ဒဏ်ရာရခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

နိုဝင်ဘာ ၂၅ရက်မှာ လားရှိုးမြို့ကားပွဲစားတန်းအနီး လမ်းမပေါ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးကို ကားပေါ်ကနေ သေနတ်နဲ့သုံးချက်ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားတာပါ။ အမျိုးသမီးရဲ့လက်မောင်းနဲ့ရင်ဘတ်အနီးမှာ သေနတ်ဒဏ်ရာရရှိသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးက ​သေနတ်နဲ့အပစ်ခံရပြီး ဆိုင်ကယ်ကိုလှဲချပြီး လမ်းသွားလမ်းလာကားတချို့ကိုအ​ကူအညီ​တောင်း​ပေမယ့် ကူညီခြင်းမရှိဘဲဆက်လက်​မောင်းနှင်သွားကြတာကို CCTVရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။

“စစ်ကောင်စီရဲ့လက်အောက်မှာ တရားဥပဒေစိုးမိုးတယ်လို့ဘယ်သူမှ မယုံကြည်ကြဘူး။ ဒါကြောင့် လူတွေလည်း မဆိုင်သလိုနေကုန်ကြပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရသွားတဲ့အမျိုးသမီးဟာ လားရှိုးဆေးရုံမှာ တက်‌ရောက်ကုသနေကြောင်းသိရပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးသွားတယ်လို့ မြို့ခံ အချို့က ပြောပါတယ်။

လာရှိုးမြို့ကိုစစ်ကောင်စီက ကိုးကန့်တပ်မတော် (MNDAA)ထံကနေ တရုတ်အစိုးရအကူအညီနဲ့ ပြီးခဲ့တဲ့ဧပြီကစပြီး ပြန်လည်လွှဲ​ပြောင်းရယူထိန်းချုပ်ထားတာပါ။ မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။

လားရှိုးမြို့ပေါ်မှာ လုယက်မှု၊ ဓားပြမှုနဲ့ခိုးမှုတွေမကြာခဏဖြစ်နေပြီး ဒေသတွင်းတရားဥပဒေစိုးမိုးမှုမရှိတဲ့အပေါ်ဝေဖန်သူတွေကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။

လာရှိုးမြို့မှာနိုဝင်ဘာလ၂၄ရက် ည ၁၁နာရီခန့်ကလည်း စစ်ကောင်စီက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန်ခဲ့ကြပါတယ်။လားရှိုးမြို့နားက MNDAAစခန်းတွေကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီကတောင်းဆိုထားပြီး နှစ်ဘက်ဆက်ဆံရေးလည်း တင်းမာနေပါတယ်။

လားရှိုးမြို့မှာ ဆိုင်ကယ်စီးအမျိုးသမီးကို ကားပေါ်ကသေနတ်နဲ့ပစ်ခတ်လို့ဒဏ်ရာရ နိုဝင်ဘာ-၂၆၊၂၀၂၅။မိထက်/People's Spring…

Posted by People's Spring on Wednesday 26 November 2025

ရုပ်သံ – Sai Wahton Tun/FB

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။