Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းထားတဲ့ ငါးနှစ်အတွင်း နိုင်ကျဉ်း ၁၃၉ ဦး ကျန်းမာရေး စောင့်ရှောက်မှုမရလို့ ဆုံးပါး

စစ်တပ်တကျော့ပြန် အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး ရှိတယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (MPW) က ဒီဇင်ဘာ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင် မြင်ကွင်း ဓာတ်ပုံ − Zayar Lwin/FB

ဒီဇင်ဘာ – ၁၅ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

စစ်တပ်တကျော့ပြန် အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး ရှိတယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (MPW) က ဒီဇင်ဘာ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီစာရင်းဟာ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်က အခုနှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်အထိ ဖြစ်ပါတယ်။

အသက်ဆုံးပါးရသူတွေထဲမှာ အမျိုးသား ၁၂၃ ဦး ၊အမျိုးသမီး ၁၅ ဦး နဲ့ LGBT တစ်ဦး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ဆုံးရသူတွေရဲ့အသက်အရွယ်အပိုင်းအခြားဟာ ၁၈ နှစ်ကနေ ၈၀ အရွယ် အတွင်း ဖြစ်တယ်လို့သိရပါတယ်။

အသက် ၁၈နှစ် ကနေ ၃၄နှစ် အတွင်း ၂၉ဦး၊ ၃၅နှစ်ကနေ ၄၅နှစ် အတွင်း ၂၇ ဦး၊ ၄၆နှစ် ကနေ ၅၉နှစ် အတွင်း ၃၂ဦး၊အ သက် ၆၀နှစ်နဲ့အထက် သေဆုံးသူ ၂၇ ဦးနဲ့ အသက်အရွယ်အတည်ပြုဆဲ သေဆုံးသူ ၂၄ဦးရှိတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) က ကောက်ယူရရှိတဲ့အချက်လက်မှာ ဖော်ပြထားပါတယ်။

ထောင်တွင်းမှာ နှလုံးရောဂါ၊ သွေးတိုးဆီးချိုရောဂါ၊ ကင်ဆာရောဂါတို့ကြောင့်သေဆုံးမှုအများဆုံးဖြစ်ပြီး အောက်စီဂျင်ပြတ်လပ်တာ၊ ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ၊ ကိုဗစ် ရောဂါ၊ အသဲရောဂါ၊တီဘီ၊ အပြင်ဖျား၊စိတ်ကျရောဂါ၊ အာဟာရချို့တဲ့တာ ၊ အဆုတ်ရောဂါ၊ အစာအိမ်အနာ၊အစာအိမ်သွေးကြောပေါက်၊သွေးဆိပ်တက်၊ ခါးဆစ်ရိုးကျွံစတဲ့ ရောဂါဝေဒနာတွေ နဲ့ ဆုံးပါးကြတာပါ။

အများစုသေဆုံးရတဲ့ရောဂါတွေဟာ မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပြီး ရောဂါပျောက်ကင်း ဖို့ ဒါမှမဟုတ် သက်သာဖို့ ပုံမှန်ဆေးထိုး ၊ဆေးသောက်တာ ခွင့်ရတဲ့ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ ၊ မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေ အပါအဝင် လိုအပ်တဲ့ ဆေးဝါးအသုံးပြုခွင့်မရရှိတာကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးပါးရတာလို့သိရပါတယ်။

ထောင်ပြင်ပဆေးရုံတွေမှာ သွားရောက်ကုသဖို့ အရေပေါ်လိုအပ်လာချိန်မှာလည်း ခွင့်ပြုချက်တောင်းခံရာကြန့်ကြာမှုတွေကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးကြရတာလို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်အဖွဲ့တွေက ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။