Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ အသံတိတ်သပိတ်ဆင်နွှဲဖို့ CDF ဟားခါး ကြေညာ

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Chinland Defense Force-Hakha

ဒီဇင်ဘာ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်မယ့် ဒီဇင်ဘာ ၂၈ရက်မှာ ပြည်သူတွေအနေနဲ့ အသံတိတ်သပိတ်ဆင်နွှဲကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဒီကနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ စစ်ကောင်စီကို ဟားခါးမြို့တော် ပြည်သူလူထုတွေက ဆန့်ကျင်တဲ့အနေနဲ့ စစ်တပ်ရွေးကောက်ပွဲနေ့မှာ မိမိတို့ နေအိမ်မှာ နေထိုင်ကြခြင်းဖြင့် အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တိုက်တွန်းထုတ်ပြန်ထားတာပါ။

CDF ဟားခါးဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ဝင်ပြိုင်သူတွေကို အရေးယူထားတဲ့ ကြေညာချက်ကိုလည်း ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်အတွင်း ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း အသိပေးထားပြီး အဲဒီ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းတာ၊ ဝယ်ယူတာ မလုပ်ဖို့ အသိပေးထားတာပါ။

CDF ဟားခါးဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင် ဖြစ်ပြီး အခုလို အရေးယူတာဟာလည်း ၂၀၂၅ နိုဝင်ဘာ ၆ရက်က ချင်းပြည်ထောင်စုက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ ပြဌာန်းမှု အရ အခုလို အရေးယူခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

CDF ဟားခါး Central Council ဥက္ကဋ္ဌကလည်း မင်းအောင်လှိုင် ဦးဆောင်ပြီး ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ သေနတ်အားကိုးတဲ့ စစ်အာဏာရှင်အဓွန့်ရှည်စေရေးဖြစ်လို့ ပြည်သူတွေ စစ်အာဏာရှင်ကို သတ္တိရှိရှိ တွန်းလှန်ကြဖို့ တိုက်တွန်း ပြောကြားထားပါတယ်။

“ မိမိရဲ့မဲတမဲကို မတရားမှု၊ ဖိနှိပ်မှုနဲ့ မတော်မတရား လိမ်လည်လှည့်ဖြားမှုအတွက် အသုံးမပြုနိုင်ဘူးဆိုတာကို ဘုရားကို ကိုးစားတဲ့စိတ်၊ မျိုးချစ်စိတ် အပြည့်နဲ့ ဆုံးဖြတ်ချက်ချရဲကြဖို့ အားပေးလိုပါတယ်” CDF ဟားခါး Central Council ဥက္ကဋ္ဌက ပြောကြားထားပါတယ်။ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်အတွက် မိမိရဲ့ မဲတပြားကို လုံး၀ မပေးဖို့လည်း တိုက်တွန်းထားပါတယ်။

“ချင်းပြည် အစိုးရကလည်း ကြေညာချက် ထုတ်ပြန်ပြီးဖြစ်ပါတ်ယ။ မင်းအောင်လှိုင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဘက်ပေါင်းစုံကနေ ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ အဲဒါဟာ ကျနော်တို့ CDF ဟားခါးရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်” လို့ CDF ဟားခါး Central Council ဥက္ကဋ္ဌ က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မိမိမဲကို စစ်တပ်အာဏာ အဓွန့်ရှည်ဖို့အသုံးမပြုနိုင်ဘူးဆိုတာ ဆုံးဖြတ်ဖို့ တောင်းဆိုထားပြီး မိမိမဲကို သတ္တိရှိရှိ အသုံးပြုမယ်ဆိုရင် သေနတ်ကိုင်ပြီး စစ်မြေပြင်မှာ စစ်တိုက်ရင်း တော်လှန်နေသူတွေနဲ့ တူပါတယ်လို့လည်း CDF ဟားခါး Central Council ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ် -ဟားခါး(CDF - Hakha) ဆီအာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်မ ၇၇ လက်အောက်ခံတပ်က တပ်သားနှစ်ဦး ဘက်ပြောင်းလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့ ရဲ့ ဖော်ပြချက်အရသိရပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့ အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမျူး ဆလိုင်းဇာကျုံးလျန်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူကို တရားစွဲဖို့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောပါတယ်။