Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့မှာစစ်သားတစ်ဦးလက်နက်နဲ့အတူ CDF ဟားခါးထံခိုလှုံ

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

ဇူလိုင် – ၂၈ ၊၂၀၂၆ /People’s Spring

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဲဒီစစ်သားဟာဟားခါးမြို့ ၊ ရုန်းတောင်ပေါ်မှာတပ်စွဲထားတဲ့ အမှတ်​( ၂၆၆) ခြေလျင်တပ်ရင်းကဖြစ်ပြီး အာဏာသိမ်းစစ်တပ်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တဲ့အတွက် သူ့ကိုင်ဆောင်တဲ့သေနတ်ယူလာပြီး ခိုလှုံလာတာပါလို့သိရပါတယ်။

သေနတ်နဲ့အတူ ကျည်အိမ် သုံးခု နဲ့ ကျည်ဆံ ၁၅၀ ပါလာတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

CDF ဟားခါးထောက်ပို့အဖွဲ့ကတော့ဟားခါးမြို့မှာရှိတဲ့အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်ထဲမှာဘက်ပြောင်းခိုလှုံချင်ကြပေမယ့်အခွင့်မသာတာကြောင့် ထွက်မပြေးနိုင်ကြတာလို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်းဟားခါးမြို့ဆီရောက်နေတဲ့တပ်မ (၇၇)က တပ်သား နှစ်ဦးလည်း CDF – Hakha အဖွဲ့ဆီ ခိုလှုံခဲ့ပါတယ်။

စစ်တပ်ကိုစွန့်ခွာပြီးအချိန်မရွေးခိုလှုံနိုင်သလိုပူးပေါင်းလာသူတွေကို လုံခြုံတဲ့နေရာတွေအထိတာဝန်ယူပို့ဆောင်ပေးမှာဖြစ်တယ်လို့ CDFဟားခါး ကလည်းအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။