ဇူလိုင် – ၂၈ ၊၂၀၂၆ /People’s Spring
ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဲဒီစစ်သားဟာဟားခါးမြို့ ၊ ရုန်းတောင်ပေါ်မှာတပ်စွဲထားတဲ့ အမှတ်( ၂၆၆) ခြေလျင်တပ်ရင်းကဖြစ်ပြီး အာဏာသိမ်းစစ်တပ်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တဲ့အတွက် သူ့ကိုင်ဆောင်တဲ့သေနတ်ယူလာပြီး ခိုလှုံလာတာပါလို့သိရပါတယ်။
သေနတ်နဲ့အတူ ကျည်အိမ် သုံးခု နဲ့ ကျည်ဆံ ၁၅၀ ပါလာတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
CDF ဟားခါးထောက်ပို့အဖွဲ့ကတော့ဟားခါးမြို့မှာရှိတဲ့အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်ထဲမှာဘက်ပြောင်းခိုလှုံချင်ကြပေမယ့်အခွင့်မသာတာကြောင့် ထွက်မပြေးနိုင်ကြတာလို့ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်းဟားခါးမြို့ဆီရောက်နေတဲ့တပ်မ (၇၇)က တပ်သား နှစ်ဦးလည်း CDF – Hakha အဖွဲ့ဆီ ခိုလှုံခဲ့ပါတယ်။
စစ်တပ်ကိုစွန့်ခွာပြီးအချိန်မရွေးခိုလှုံနိုင်သလိုပူးပေါင်းလာသူတွေကို လုံခြုံတဲ့နေရာတွေအထိတာဝန်ယူပို့ဆောင်ပေးမှာဖြစ်တယ်လို့ CDFဟားခါး ကလည်းအသိပေးထားပါတယ်။

















































