Connect with us

Hi, what are you looking for?

သတင်း

တပ်မ ၇၇ လက်အောက်ခံတပ်သားနှစ်ဦး CDF ဟားခါးထံဘက်ပြောင်း

ချင်းဒေသကာကွယ်ရေးတပ် -ဟားခါး(CDF – Hakha) ဆီအာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်မ ၇၇ လက်အောက်ခံတပ်က တပ်သားနှစ်ဦး ဘက်ပြောင်းလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့ ရဲ့ ဖော်ပြချက်အရသိရပါတယ်။

ချင်းဒေသကာကွ​ယ်ရေးတပ် (ဟားခါး) တပ်ဖွဲ့ဝင်တွေကိုတွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - CDF-Hakha

ဇူလိုင် – ၂ ၊၂၀၂၆ /People’s Spring

ချင်းဒေသကာကွယ်ရေးတပ် -ဟားခါး(CDF – Hakha) ဆီအာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်မ ၇၇ လက်အောက်ခံတပ်က တပ်သားနှစ်ဦး ဘက်ပြောင်းလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့ ရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဘက်ပြောင်းလာသူနှစ်ဦးရဲ့ဓာတ်ပုံတွေကိုပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၃၀ ရက်ကဖော်ပြခဲ့ပြီးသူတို့နှစ်ဦးဟာ တပ်မ ၇၇ ကဖြစ်တယ်လို့ဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာပြီးဘက်ပြောင်းလာသူတွေကို ကြိုဆိုပြီး ဘေးကင်းလုံခြုံတဲ့နေရာထိလိုက်ပါပို့ဆောင်မှာဖြစ်သလိုဆုကြေးချီးမြှင့်မယ်လို့လည်း CDF ဟာခါးကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ဇွန်လ၁၇ ရက်ကလည်းချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကလေး-တီးတိန်-ဟားခါးလမ်းခွဲကသိုင်းငင်းရွာမှာတပ်ဖွဲ့ ထားတဲ့ တပ်မ ၇၇ လက်အောက်ခံခလရ ၁၀၁ ကတပ်ကြပ်ကြီးအဆင့်အပါအဝင် စစ်သားလေးဦးဟာလက်နက်နဲ့အတူဘက်ပြောင်းလာတယ်လို့ချင်းကာကွယ်ရေးတပ် – စီးယင်း (CDF CDM Siyin)ကဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှု၂၀၂၁ခုနှစ်၊ဖေ ဖော်ဝါရီလ ၁ ရက်ကစတင်ပြီး ၂၀၂၄ နှစ်ကုန်အထိ စစ်တပ် နဲ့ ရဲ စုစုပေါင်း ဦးရေတစ်သောင်းခွဲခန့် ဘက်ပြောင်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကစာရင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဲဒီကာလအတွင်းစစ်တပ်ဘက်ကပြောင်းလာသူတွေထဲမှာလက်နက်၊ခဲယမ်းယူလာသူ ၂၁၀ ဦးရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Facebook