Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်ကို စစ်တပ်ထပ်မံလေကြောင်းတိုက်၊ ပြည်သူ၂ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှုနဲ့ သေဆုံးခဲ့သူ အမျိုးသားတစ်ဦး။ ဓာတ်ပုံ - ပေးပို့

ဒီဇင်ဘာ-၂၅၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၄ရက် မနေ့ ည ၇နာရီ၁၅မိနစ်မှာ သီးကုန်းရွာနဲ့ ပေါက်တပင်ရွာကြားကို ‌‌‌‌‌‌‌‌စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်နေတဲ့ အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ဦးတို့ ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး ၁ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေဟာ ဧရာဝတီမြစ်ကမ်းအနီးက ကျေးရွာတွေဖြစ်ပြီး စစ်တပ်က ဒီရက်ပိုင်းအတွင်းမှာ မြစ်ကမ်းဘေး ကျေးရွာတွေကို ပစ်မှတ်ထားဗုံးကြဲနေတာပါ။

Public Service Announcement

Public Service Announcement

ဒီကျေးရွာဟာ လက်ရှိ စစ်တပ်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကြာညှပ်ရွာ ကြားမှာရှိတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက သပိတ်ကျင်းမြို့နယ်က ရွှေတွင်းတွေရှိတဲ့ ကျေးရွာတွေကိုလည်း တရစပ်ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။