Connect with us

Hi, what are you looking for?

သတင်း

မြဝတီတောင်ဘက် ဖလူးရွာအနီး စစ်တပ် စစ်ကြောင်းထိုးပြီး လေယာဉ်နဲ့ ဗုံးကြဲ

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၂၈ရက် မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇန်နဝါရီ-၂၈၊ ၂၀၂၆။ People’s Spring

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၂၈ရက် မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် လေးကေ့ကော်ဒေသအနီး ရသေ့ဂူဘက်ကလည်း စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဒီနေ့ မနက်အစောပိုင်းထဲက စစ်တပ် စစ်ကြောင်းတိုးနေပြီး လက်နက်ကြီးတွေကလည်း ၁၂၀ တွေပစ်နေတာလို့ ပြောပါတယ်။ လေယာဉ်ဗုံးကြဲတာလည်း လေးကြိမ်ရှိပြီလို့ သူကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ မြဝတီမြို့တောင်ဘက်က လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားနေတာလည်းဖြစ်ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးနေပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေဟာ မင်းလက်ပံကျေးရွာအနီးကနေ ရှေ့မတိုးနိုင်သေးဘူးလို့ သိရပါတယ်။

မင်းလက်ပံကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ မင်းလက်ပံကျေးရွာဟာ မြဝတီမြို့တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတစ်ခု ဖြစ်ပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေပြီး လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကျ