Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်ရှောင်ဘုန်းကြီးကျောင်းနဲ့ တဲတွေကို စစ်တပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်ပြည်သူတွေရဲ့တဲတွေ၊ ရဲဘော်တွေရဲ့ ကျောက်တိုင်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက ပြောပါတယ်။

(စစ်တပ် မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ရှောင်ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်တဲတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)

ဇန်နဝါရီ-၂၉၊ ၂၀၂၆ ဇေအောင်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်ပြည်သူတွေရဲ့တဲတွေ၊ ရဲဘော်တွေရဲ့ ကျောက်တိုင်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်က မြိုင်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ သာစည်နဲ့ သစ်ပလွေကုန်းကျေးရွာကြားမှာရှိတဲ့ ဘိုမင်း ဘုရားကုန်းပေါ်ရှိ ယာယီစစ်ရှောင် ဘုန်းကြီးကျောင်းနဲ့ ဘုရားအနီးရှိ တောတိုက် စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားကြောင်း

အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တဲကတော့ ၃လုံးပါ။ ဘုန်းကြီးလည်း ရှောင်ရတာပဲ။ ပြည်သူတွေက ၂၀၂၂ ကတည်းရှောင်ရတာပါ။ ဘုန်းကြီးကတော့ ၂၀၂၅မှ ရှောင်လာတာပါ။ တွင်းမပျူရွာထဲမှာ မရှောင်ပဲကျန်တဲ့ဘုန်းကြီးတွေလည်းရှိနေသေးပါတယ်”လို့ ဆရာထွေးက ဆိုပါတယ်။

ဒါ့အပြင် ဘုရားအနီးက ရဲဘော်နှစ်ဦးရဲ့ ကျောက်တိုင်တွေကိုပါ မီးရှို့ဖျက်​ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေဟာ စသ်တပ်စစ်ကြောင်းမလာခင် ကြိုတင်တိမ်းရှောင်ထားလို့ ဖမ်းဆီးသတ်ဖြတ်ခံရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဒီကနေ့မှာတော့ နှမ်းဆီကန်ကျေးရွာ အနောက်ဘက် ရောက်နေပြီဖြစ်ပြီး သရက်ကန်ပျူစောထီးရွာနဲ့ နီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်နယ်တောင်ပိုင်းက ပြည်သူတွေအနေနဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းရန် အထူးဂရုစိုက်နေကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။