Connect with us

Hi, what are you looking for?

သတင်း

KNPPက ခေါင်းဆောင်မှုအဖွဲ့သစ် ဒီမိုကရေစီနည်းကျ ရွေးချယ်နိုင်မှုကို ဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပို့

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။

(KNPP ကွန်ဂရက်က ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်တွေ။ ဓာတ်ပုံ - KNPP)

ဇန်နဝါရီ-၃၀၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။

KNPPရဲ့ ပါတီကွန်ဂရက်ကို ကရင်နီဒေသမှာ ဇန်နဝါရီ ၁၉ရက်ကနေ ၂၄ရက်အထိ ကျင်းပခဲတာဖြစ်ပြီးဥက္ကဋ္ဌအဖြစ် အရင်ဥက္ကဋ္ဌ ခူဦးရယ် ပြန်လည်ရွေးချယ်ခံရပြီး ဒုဥက္ကဋ္ဌ အဖြစ် NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ခူးထဲဘူးက ရွေးချယ်ခံခဲရပါတယ်။

အထွေထွေအတွင်းရေးမှူးအဖြစ် ဦးအောင်ဆန်းမြင့်၊ အတွင်းရေးမှူး(၁)အဖြစ် ခူပလူးရယ်၊ အတွင်းရေးမှူး(၂)အဖြစ် နဲနယ်ပလိုး တို့ ရွေးချယ်ခံရကာ ပါတီဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်နဲ့ ပါတီ အရံဗဟိုကော်မတီဝင်တွေကို ကွန်ဂရက်က ရွေးချယ်တာဝန်ပေးအပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

KNPP ပါတီကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း NUGက ဖော်ပြခဲ့ပြီး အခု ကွန်ဂရက်ရဲ့ ထူးခြားတဲ တိုးတက်မှုဟာ ဗဟိုကော်မတီဝင် (၃၀) ဦးအနက် အမျိုးသမီး (၈)ဦးနဲ့ အသက် (၃၅) နှစ်အောက် လူငယ် (၅) ဦးအထိ ပါဝင်လာတာဖြစ်ကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဒီလိုလူငယ်တွေ အမျိုးသမီးတွေ ပါဝင်လာတာဟာ KNPPအနေနဲ့ ခေတ်စနစ်နဲ့အညီ အမျိုးသမီးနဲ့ လူငယ်ကဏ္ဍကို မြှင့်တင်ကာ ပါတီကို ပိုမိုခိုင်မာ စေဖို့ တည်ဆောက်နိုင်ခဲ့တာဖြစ်ကြောင်း ဖော်ပြပါတယ်။

” အစဉ်အလာကြီးမားသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် မျိုးဆက်သစ် လူငယ်များနှင့် အမျိုးသမီးထု၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုကာ ခေါင်းဆောင်မှုကဏ္ဍများတွင် ပိုမိုထည့်သွင်းလာခြင်းသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အတွက် ကောင်းမွန်သော ရှေ့ဆောင်လမ်းပြမှုပင် ဖြစ်ပါသည်” လို့ NUGက သဝဏ်လွှာ ပေးပို့ပါတယ်။

ကွန်ဂရက်မှ ချမှတ်လိုက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်လာမယ်လို့ မှတ်ချက်ပြုထားပြီး ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကရင်နီပြည်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနည်းဥပဒေတွေကို ပြန်လည် သုံးသပ်အတည်ပြုနိုင်ခဲ့တာကြောင့် ကရင်နီပြည်သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အုပ်ချုပ်ရေး ယန္တရားများမှာ ပိုမိုအားကောင်းလာမယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ပြည်သူ့ နွေဦးတော်လှန်ရေးအောင်မြင်ရေးနဲ့ နောင်လာမယ့်အသွင်ကူးပြောင်းရေး ကာလ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာလည်း မဟာဗျူဟာမြောက် မဟာမိတ်အင်အားစုတွေအဖြစ် အတူလက်တွဲကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းတဲ့ အထိ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း NUGက သဝဏ်လွှာပေးပို့ပါတယ်။

KNPPရဲ့ ကွန်ဂရက်အပြီး ကြေညာချက်မှာလည်း အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ပြည်နယ် ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှုဖြင့် ခုခံတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး အတွက် မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ရေးကာလ၊ အသွင်ကူးပြောင်းရေးကာလမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အကောင်အထည်ဖော်ဆောင်တဲ့ကာလအထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။