Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းလို့ နိုင်ငံရေး ရှုပ်ထွေးပြီး အကျပ်အတည်းတွေ ကြုံနေရတာလို့ RCSS ဥက္ကဋ္ဌ ပြော

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်။ ဓာတ်ပုံ - Tai Freedom

ဖေဖော်ဝါရီ ၇ရက်၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ရက်မှာ ကျရောက်တဲ့ (၇၉?နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ RCSS ဥက္ကဋ္ဌ က သဝဏ်လွှာ ပေးပို့ပြီး အခုလို ပြောကြားခဲ့တာပါ။

ဗိုလ်ချုပ်ကြီးယွက်စစ်ရဲက သဝဏ်လွှာမှာ အစိုးရ အဆက်ဆက် အပေါ် သူ့ရဲ့ အမြင်သဘောထားတွေ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဗိုလ်ချုပ်ကြီး သန်းရွှေ လက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို (၁၄) နှစ်ကြာ ရေးဆွဲပြီး ၂၀၁၀ ခုနှစ်ကျတော့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ငါးနှစ်ကြာ ဦးသိန်းစိန် အစိုးရခေတ်မှာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကိုလက်မှတ်ရေးထိုး နိုင်ခဲ့လို့ တိုင်းပြည် အခြေအနေ အနည်းငယ် ကောင်းမွန်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရ ငါးနှစ်တာ ကာလမှာ တိုင်းပြည်ရဲ့ အချို့ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အပြီးမှာ မဲမသမာမှုများ ရှိခဲ့တယ်ဆိုပြီး တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ NLD အစိုးရထံမှ အာဏာ ကို သိမ်းယူလိုက်တဲ့အတွက် တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေး မှုများ၊ အကျပ်အတည်းများ ထပ်မံ ပေါ်ပေါက်လာခဲ့ပါတယ်”လို့ RCSS ဥက္ကဋ္ဌက ပြောပါတယ်။

တပ်မတော်ရဲ့ အာဏာသိမ်းခြင်းကို မထောက်ခံ၊ မကျေနပ်တဲ့ ပြည်သူလူထုတွေဟာ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်ခဲ့ ပေမယ့် စစ်တပ်က အင်အားသုံးပြီး အကြမ်းဖက်နှိမ်နှင်း တဲ့အတွက် ပြည်သူလူထုဟာ လက်နက်စွဲကိုင်ပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲလာခဲ့ ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

“တိုင်းပြည် မငြိမ်မသက်၊ အကျပ်အတည်းဖြစ်လို့ပြည်သူလူထုတွေ ဟာ စစ်ဘေးရှောင်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးရခြင်း၊ နေအိမ် ရပ်ရွာ စွန့်ခွာရခြင်းတို့နဲ့ ကြုံခဲ့ရပါတယ်။ ဒါတွေက တိုင်းပြည် ခေါင်းဆောင် တစ်ဦးတစ်ယောက်ရဲ့ အတ္တ၊မာန၊လောဘ ကြီးမားခြင်း၊ လူထုဆန္ဒအတိုင်း မဟုတ်ဘဲ လူတစ်ဦးတည်းရဲ့ သဘောထားအတိုင်း ဆောင်ရွက်ခြင်းနဲ့ ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်များ အတိုင်း လိုက်နာဆောင်ရွက် မှုမရှိခြင်းရဲ့ အကျိုးဆက်ပဲဖြစ်ပါတယ်” လို့လည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်ကြီးယွက်စစ်က ပြည်သူတွေကို အကြမ်းဖက်ရင်လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ RCSSဟာ နောက်ပိုင်းမှာ နိုင်ငံရေးနည်းအရ အဖြေရှာဖို့ ဆိုပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အခမ်းအနားတွေ ကျင်းပတဲ့အခါ စစ်တပ်အာဏာသိမ်းလို့ တိုင်းပြည်ဟာ အခုလို အကြပ်အတည်းတွေ ကြုံနေရတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။

အခု RCSS ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာလည်း မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ကို ဖြေရှင်းနိုင်ပြီး အနာဂတ်မှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကြံပြုချက် ၄ရပ်ကိုလည်း ဖော်ပြထားပါတယ်။

အဲဒါတွေကတော့ ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အနေနဲ့ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊ တပါးသူအမှားထက် ကိုယ့် အမှားကို မြင်တတ်ခြင်းလိုအပ်ကြောင်း ပါရှိပါတယ်။ ဒါ့အပြင် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်း၊ ၁၉၄၇ ပင်လုံစာချုပ် နဲ့ ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက် တာ၊ တစ်ဖက်နဲ့ တစ်ဖက် အနိုင်ယူဖိနှိပ် ချုပ်ခြယ်ခြင်းထက် နှစ်ဦး နှစ်ဖက်ကောင်းကျိုးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာတာ၊ တိုင်းပြည် လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဖက်ဒရယ် တပ်မ တော် ဖွဲ့စည်းတည်ထောင်တာ တွေလိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

အဲဒီ အကြံပြုချက်တွေအတိုင်း လုပ်ရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်လို့လည်း RCSS ဥက္ကဋ္ဌက ပြောပါတယ်။

ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ရာ တိုင်းပြည်အလုံးစုံ ပျက်စီးစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖျက်ဆီးနေတဲ့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်ဟူသမျှ အပြီးတိုင် ချုပ်ငြိမ်းရေး ဦးတည်ကြိုးစားဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြပြီး ရှမ်းတိုင်းရင်းသား သွေးချင်းညီနောင်တွေအပါအဝင် တော်လှန်သော အဖွဲ့အစည်းတွေနဲ့အတူ ညီညီညွတ်ညွတ် ဖော်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

ရှမ်းအမျိုးသားနေ့ အခမ်းအနားကို RCSSနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) စတဲ့ ရှမ်းတပ်နှစ်ဖွဲ့လုံးက ကျင်းပခဲ့ပါတယ်။ RCSSနဲ့ SSPP တို့ဟာ စစ်တပ်အာဏာသိမ်းမှု ၅နှစ်ကြာတဲ့အထိ စစ်ကောင်စီကိုတိုက်ခိုက်တဲ့ တော်လှန်ရေးမှြ ပါဝင်တာမျိုးတော့ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီက လွှတ်ပေးဦးမယ်အထင်နဲ့ အကျဥ်းထောင်တွေရဲ့ရှေ့မှာ အကျဥ်းကျမိသားစုဝင်တွေဟာ ညနက်သည်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ဒီကနေ့ မတ်လ ၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်တပ်က နှစ်ရက်ဆက် ကျေးရွာတွေကို မီးပတ်ရှို့နေပြီး ထန်းတောင်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။