Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နဲ့ ပတ်ဝန်းကျင်မှာ စစ်တပ်နဲ့ MNDAA အပြိုင်အင်အားတိုးပြီး စစ်ရေးပြင်နေ

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

MNDAA နဲ့ မဟာမိတ်တပ်​တွေက လားရှိုးမြို့ရှိ ရမခကိုသိမ်းပိုက်ပြီး​အောင်ပွဲခံခဲ့စဥ်။ ဓါတ်ပုံ-The Kokang

​ဖေ​ဖော်ဝါရီ-၁၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့လားရှိုးမြို့ထဲက ရပ်ကွက်(၁၁)နယ်မြေ(၉)ထဲကိုဖေဖော်ဝါရီလ၁၁ရက်နေ့ကရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ရပ်ကွက်(၁၁)ထဲကို ဝင်လာသလို ကာကင်းပုံစံ တပ်တွေချထားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

“စစ်တပ်က လားရှိူး ၁၁ကွက်ထဲကို လုံခြုံရေးပိုချတယ်။ရှော့တိုက်ဒုန်းတည်ပစ်တယ်ထင်တဲ့ တောစပ်တွေကို နင်းနေတယ်။ ကိုးကန့်ကကလည်း သီပေါ ဘက်အထွက်လမ်းမှာ အင်အားတော်တော်များများ ရောက်လာတယ်။ တိုက်ပွဲပြန်ဖြစ်မယ်လို့ကို ထင်ရတယ်” လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

MNDAAဟာ ၁၀၂၇စစ်ဆင်ရေးနဲ့အတူ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ MNDAA နဲ့မဟာမိတ်တပ်​တွေက ၂၀၂၄ သြဂုတ်လဆန်းမှာ ရမခ အပါအဝင် ခရိုင်မြို့ လားရှိုးတစ်မြို့လုံးကိုအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို သိမ်းပိုက်ပြီး ရှစ်လ​ကျော်အကြာ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံကျည်တချက်မ​ဖောက်ရပဲ ပြန်လွှဲပေးခဲ့ရပါတယ်။

လားရှိုးမြို့မှာ ရပ်ကွက်၁၂ခု၊ ကျေးရွာအုပ်စု၇၅ခုရှိပါတယ်။ စစ်ကောင်စီက ရပ်ကွက်၁၂ခုကိုထိန်းချုပ်ထားပြီး ကျေးရွာအုပ်စု၇၅ခုကို MNDAAက ထိန်းချုပ်ထားပြီး အထူး ‌ ဒေသ(၁)ထဲမှာ ထည့်သွင်းထားပါတယ်။လားရှိုး- သီပေါနဲ့ တန့်ယန်း၊မိုင်းရယ်မြို့ကြားကရွာတွေကိုလည်း MNDAA
က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

သိန္နီမြို့ကိုလည်း ပြန်ပေးဖို့ စစ်တပ်က ဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါ့အပြင် လားရှိုးမြိို့အနီးနဲ့ ပြည်‌ထောင်စုလမ်းပိုင်းမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီကပြီးခဲ့တဲ့နိုဝင်ဘာလမှာ တောင်းဆိုလာလို့ စစ်ကောင်စီနဲ့MNDAA ဆက်ဆံရေးတင်းမာမှုဖြစ်ခဲ့ပါ​သေးတယ်။တရုတ်နယ်စပ်နဲ့ MNDAA ထိန်းချုပ် ဒေသတွေကို ဖြတ်လာတဲ့ကုန်ကားတွေကို စစ်ကောင်စီက ဖမ်းဆီးသလို လားရှိုး-သီပေါကြားက ဒုဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်ထားပါတယ်။

တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ပတ်သက်လို့ နှစ်ဖက်စလုံးကသတင်းထုတ်ပြန်ခြင်းမရှိပေမယ့် ပြေလည်မှုမရဘဲ တိတ်တဆိတ်စစ်ရေးပြင်ဆင်မှုတွေရှိနေတာလို့ ရှမ်းမြောက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက၎င်းတို့ထိန်းချုပ်ထားတဲ့လားရှိုးမြို့ထဲမှာ ဒရုန်းနဲ့ ကင်းထောက်တာတွေ၊ စစ်တပ်စခန်းတွေအနီး ကတုပ်ကျင်းတူးတာတွေ၊ လက်နက်ကြီးတပ်ဆင်ထားတာတွေ ပိုပြီးလုပ်လာလို့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိပြုကြဖို့လည်း MNDAAနဲ့ နီးစပ်သူတစ်ဦးက သတိပေးထားပါတယ်။

သိန္နီမြို့ကိုပြန်ပေးဖို့အတွက်စစ်ကောင်စီရဲ့တောင်းဆိုမှုတွေက ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ပိုမို ဖိအားပေးတဲ့ပုံစံရှိလာပြီး တစ်ဖက်မှာ စစ်ရေးပြင်ဆင်မှုတွေလုပ်နေတာလို့လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ တစ်ဖက်မှာ MNDAAကသိန္နီမြို့အုပ်ချုပ်ရေးယန္တရားကို ဆက်တိုက်အကောင်အထည်ဖော်နေပြီး တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

သိန္နီ၊ကွတ်ခိုင်၊ လောက်ကိုင်၊မုံးကိုးခရိုင်ဆိုပြီးခရိုင်(၄)ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းပြီးအထူးဒေသ ၁ အဖြစ် သတ်မှတ်လိုက်ကြောင်း ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းမှာကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၁နေ့က ရှော့တိုက်ဒုန်းပစ်ခတ်မှုမဖြစ်ခင် ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာလည်း စစ်တပ်ကလားရှိုးမြို့ထဲကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့သလိုဒီဇင်ဘာလ၂၁ရက်မှာလည်း ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

(MNDAA နဲ့ မဟာမိတ်တပ်​တွေက လားရှိုးမြို့ရှိ ရမခကိုသိမ်းပိုက်ပြီး​အောင်ပွဲခံခဲ့စဥ်။
ဓါတ်ပုံ-The Kokang )

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။