Connect with us

Hi, what are you looking for?

သတင်း

မောင်မယ်ရှောင်ရွာတိုက်ပွဲအထိနာတဲ့ စစ်တပ်အင်အားဖြည့်ထားလို့ စစ်ရေးတင်းမာ

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

(၂၀၂၆ ဖေဖော်ဝါရီ ၁၆ရက်မှာ မောင်မယ်ရှောင်ကျေးရွာက (GTC) တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ခိုက်အပြီး ဖမ်းမိစစ်သုံ့ပန်းနဲ့ သိမ်းရတဲံ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − ဒူရက စစ်ကြောင်း)

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ရက်မှာ မောင်မယ်ရှောင်ကျေးရွာက (GTC) တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တိုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ်-ပကဖ DGRF တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ၂၀ကျော် သေဆုံးကာ ၁၁ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၁၈ရက်သိမ်းရခဲ့တယ်လို့ ဒူရက စစ်ကြောင်းက အသိပေးပါတယ်။

လတ်တလော တိုက်ပွဲဖြစ်ပွားရာ ဒေသစစ်ရေး အခြေအနေကို ထားဝယ်ပကဖ ထံ ဆက်သွယ်မေးမြန်းရာ စစ်ရေးတင်းမာနေကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ စကစ ဘက်ကလည်း အင်အားဖြည့်တင်းထားပြီ။ အနီးအနားက ကျေးရွာ တချို့လည်း စစ်ဘေးရှောင်နေကြရပါတယ်။ စကစ စစ်ကြောင်းထိုးဝင်ရောက်လာနိုင်သလို ပြည်သူတွေ အနေနဲ့ လေကြောင်းရန် သတိပြု ကြဖို့ တိုက်တွန်းအပ်ပါတယ်။ ဘာလို့လဲဆိုရင် စကစ ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ထားဝယ်ဘက်မှာ ပိုမို လုပ်ဆောင်လာပါတယ်” လို့ ထားဝယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ရက် တိုက်ပွဲမှာ GTC တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီသိမ်းနိုင်ခဲ့ပါတယ်။ အဲဒီ ကျောင်းဝင်း စာသင်ကျောင်းမှာ ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တော်လှန်ရေးရဲဘော်တွေက ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေက အသက်ရှင်ခွင့် ပေးဖို့ တောင်းဆိုခဲ့ရာ တော်လှန်ရေးရဲဘော်တွေက မသတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲကို စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း တော်လှန်ရေး ရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ ထားဝယ်မြို့ လုံခြုံရေးကို ဦးဆောင်သော ဗိုလ်မှူးအေးလွင် အပါအဝင် ၅ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့ စစ်ရှိန် မြင့်လာတာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲပ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံကြဖို့လည်း ဒူရက စစ်ကြောင်းက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။