Connect with us

Hi, what are you looking for?

သတင်း

အားကောင်းတဲ့တော်လှန်ရေးဦးဆောင်မှု ပေါ်လာဖို့ NUCCနဲ့ NUG တစ်လအတွင်း သုံးကြိမ် မြောက်ဆွေးနွေး

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

အခု တွေ့ဆုံပွဲဟာ ၄နာရီကြာမြင့်ခဲ့ပြီး ဇန်နဝါရီ ၂၅ရက်ကနေ ဖေဖော်ဝါရီ ၂၂ရက်အထိ တစ်လနီးပါး တာအတွင်း သုံးကြိမ်မြောက်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

အစည်းအဝေးမှာ အားကောင်းခိုင်မာသော တော်လှန်ရေးဦးဆောင်မှုတခုပေါ်ပေါက်စေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း(၂) ပြင်ဆင်ရေးကော်မတီမှာ NUG ကိုယ်စားလှယ် များပါဝင်နိုင်ရေး၊ NUCC ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA ရှေ့ဆက်ရေးဆွဲနိုင်ရေးနဲ့ NUCC/NUG ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ရာ ကောင်းမွန်တဲ့ သဘောတူညီချက်တွေရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

NUCC အနေနဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ မူကြမ်း(AFTA) ရေးဆွဲတာနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် (CPA) ရရှိရေး လုပ်ငန်းစဉ်ကို ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပြီးပြတ်အောင် ကြိုးပမ်းသွားမယ်လို ဖေဖော်ဝါရီ ၁ရက် သတင်းစာရှင်းလင်းပွဲမှာ အသိပေးထားပါတယ်။

အလားတူ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် ကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်သွားဖို ရှိတယ်လို ဆိုပါတယ်။

အခု ဆွေးနွေးမှုမှာ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့များဘက်မှ ကောင်စီဝင် ခေါင်းဆောင်တွေ အပါအဝင် NUCC ကောင်စီဝင်တွေတက်ရောက်ခဲ့သလို NUG ရဲ့ Political Coordination Commission (PCC)မှာပါတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနဲ့ NUG တာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

NUCCနဲ့ ဆွေးနွေးပွဲအကြောင်းမေးမြန်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ NUCCနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေသလို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တိုနဲ့လည်း ဖက်ဒရယ်ဦးဆောင်ကောင်စီ ကဲ့သိုသော ဦးဆောင်အဖွဲတရပ် ဖွဲစည်းနိုင်ရေး ဆွေးနွေးမှုတွေရှိနေပါတယ်။

နိုင်ငံရေးပိုင်းမှာ ဦးဆောင်ကော်မတီတရပ် ဖွဲကစည်းနိုင်ရေး ဆောင်ရွက်နေမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဖေဖော်ဝါရီ၁၂ရက်က အမေရိကန်မှာ ကျင်းပခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးရုံးသစ်ဖွင့်ပွဲမှာ အခုလို အသိပေးထားပါတယ်

“Steering Committee ဆိုတဲ့ ကိစ္စရပ်မျိုးတခု ဆောင်ရွက်ဖိုအတွက် ပြင်ဆင်နေတယ်။ အခြေအနေ တော်တော်ကောင်းပါတယ်။

နောက်ဆုံးအဆင့်ကို ရောက်နေပြီလို ပြောလိုရပါတယ်။ ဒီဟာနဲ့ အတူပဲ တဖက်က နိုင်ငံရေးကို ဆွေးနွေး နေတဲ့ အချိန်မှာပဲ နောက်တဖက်မှာ စစ်ရေး အရှိန်မြှင့်တင်ဖိုကိစ္စရပ် ကျနော်တို ဆောင်ရွက်နေတယ်” လို ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

တရုတ်ဖိအားကြောင့် အပါအဝင် ၂၀၂၅ မှာ စစ်ရေးနဲ့ပတ်သက်ပြီး အခက်အခဲ အချိုကြုံရပေမယ့် အခု အခြေအနေမှာ ပုံမှန် ပြန်ဖြစ်လာတဲ့ အနေအထား ရှိဟု အသိပေးပါတယ်။

” စစ်ရေးနဲ့ ပတ်သက်ပြီးတော့ ခုခံတဲ့နေရာမှာ ခုခံမယ် ထိုးစစ်ဆင်တဲ့နေရာမှာ ထိုးစစ်ဆင်တဲ့အပိုင်းတွေ ကျနော်တို ဆက်ပြီးတော့ အရှိန်မြှင့်တင်ဆောင်ရွက်နေတယ်ဆိုတဲ့ဟာပါ။ နိုင်ငံရေး တိုးတက်မှု အခြေအနေကောင်းတယ်။ စစ်ရေးတိုးတက်မှု အခြေအနေကောင်းတယ်” လို ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးတိုးတက်မှုတွေကို ပံ့ပိုးပေးဖိုပ ဘဏ္ဍာရေးအခြေအနေဟာ လက်ရှိအခြေအနေထိ ဘဏ္ဍာရေး အခြေအနေကောင်းသေးတယ်လိုလည်း ဒုဝန်ကြီး ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝစခန်းသိမ်းတိုက်ပွဲလို အလားတူတိုက်ပွဲတွေ အရှိန်ဟုန်မြင့် ဖော်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ သတိပေးနှိုးဆော်ချက်တွေကို အပြည့်အဝ လိုက်နာ ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်က ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ရာမှာ ကလေးငယ် အပါအဝင် ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၅ဦးဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအပါအဝင် တာဝန်ရှိသူတွေက ဒီကနေ့ ပြုလုပ်တဲ့...