Connect with us

Hi, what are you looking for?

သတင်း

ဝင်း၀စခန်းကထွက်ပြေးသူတွေလိုက်လံရှင်းလင်းမှု စစ်သား ၇ဦးသေ၊ လက်နက် ၁၀လက်ရဟု KNUပြော

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်းရာ သေဆုံးထိခိုက်မှုရှိပြီး လက်နက်တွေ ထပ်မံသိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(ဝင်း၀စခန်းက ထွက်ပြေးသူတွေလိုက်လံရှင်းလင်းမှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU-MDT)

မတ်၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်းရာ သေဆုံးထိခိုက်မှုရှိပြီး လက်နက်တွေ ထပ်မံသိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၁၀၀ကျော်ရှိတဲ့ ဝင်း၀တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၇ရက်မှာ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတစ်လကျော်အကြာ မတ်လ ၁၄ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့သလို ၆၀ကျော်ထွက်ပြေးသွားရာ ထွက်ပြေးသူတွေကို ပူးပေါင်းတပ်က လိုက်လံရှင်းလင်းနေတာလို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” သူတို့က ခွဲပြီးပြေးတာထင်တယ်။ အဲဒါ ဝိုင်းပြီးတော့တိုက်ခိုက်တာ လက်နက် ၁၀လက် ရတယ်။ ၇ဦးသေဆုံးတယ်။ ပြီးတော့ ဒဏ်ရာရပြီး ထွက်ပြေးတာလည်းရှိမယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဝင်းဝတပ်စခန်းမှထွက်ပြေးသောအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.LA တပ်မဟာ (၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မတ်လ ၁၄ရက် က တိုက်ပွဲဖြစ်ပွားခဲ့ဟု အသိပေးပါတယ်။

အဲဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က ၇ဦးသေဆုံးကာ MA-1 (၅)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ G-3 (၁)လက် နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ဟု ဓာတ်ပုံမှတ်တမ်း ဖော်ပြပါတယ်။

ဝင်း၀တပ်စခန်းဟာ KNU မြိတ်ထားဝယ်ခရိုင်ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမှတ်ကြီး မင်းဒပ် ကျေးရွာမှာ စစ်တပ်က နှစ်ပေါင်း ၃၀ကျော်ကြာ အခြေချတပ်စွဲထားတဲ့ စခန်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။