Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ-တောင်သာလမ်းပိုင်းမှာ ကားတွေ မကြာခဏဓားပြတိုက်ခံနေရ

မန္တလေးတိုင်း၊မြင်းခြံ- တောင်သာလမ်းပိုင်း၊စစ်တပ်ထိန်းချုပ်ထားတဲ့နန်းမြင့်တောင်အနီးမှာ ဖြတ်သန်းသွားတဲ့ ခရီးသည်တင်ကားတွေ နဲ့ ကားတချို့ မကြာခဏ ဓားပြတိုက်ခံ နေရတာ​ကြောင့် စုံစမ်းနေတယ်လို့ မြင်းခြံမြို့နယ်ပကဖမှတာဝန်ရှိသူကပြောပါတယ်။

မြင်းခြံမြို့နယ်က သီတာယုမွန်ဦး​ဆောင်တဲ့ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ။ဓါတ်ပုံ-စစ်​ကောင်စီ

မတ်၁၇၊၂၀၂၆။ရှိန်း/ People Spring’s

မန္တလေးတိုင်း၊မြင်းခြံ- တောင်သာလမ်းပိုင်း၊စစ်တပ်ထိန်းချုပ်ထားတဲ့နန်းမြင့်တောင်အနီးမှာ ဖြတ်သန်းသွားတဲ့ ခရီးသည်တင်ကားတွေ နဲ့ ကားတချို့ မကြာခဏ ဓားပြတိုက်ခံ နေရတာ​ကြောင့် စုံစမ်းနေတယ်လို့ မြင်းခြံမြို့နယ်ပကဖမှတာဝန်ရှိသူကပြောပါတယ်။

မြင်းခြံ-တောင်သာလမ်းပိုင်းမှာမတ်လ၁၅ရက်နေ့မနက်ပိုင်းကမြင်းခြံ-ရန်ကုန်သွား‌တဲ့ ခရီးသည်တင်ကားတစ်စီးကို မျက်နှာဖုံးတပ်ထားတဲ့လူ၆ဦးခန့်က သေနတ်နဲ့ဓားတွေကိုင်ကာ ခရီးသည် တွေရဲ့ ရွှေ၊ဖုန်းနဲ့ ငွေတွေကိုဓါးပြတိုက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် မတ် ၁၅ ရက်မနက်ပိုင်းမှာပဲကုန်တင်ကားတစီးနဲ့ အခြားအိမ်စီးကားတစီးကိုလည်း ဓားပြတိုက်ခံရပါတယ်။

Public Service Announcement

Public Service Announcement

“နန်းမြင့်တောင်နားမှာဖြစ်နေတာ။ခဏခဏရှိပြီ။အဲဒီဘက်ကတော့စကစစိုးမိုးနယ်မြေပါ။ဒါပေမယ့် ဓားပြတိုက်တဲ့အဖွဲ့ကမျက်နှာဖုံးတွေတပ်ထားတော့ဘယ်သူတွေလဲသေချာမပြောနိုင်သေးဘူး။ကျွန်တော်တို့လည်းစုံစမ်း နေပါတယ်”လို့ မြင်းခြံ မြို့နယ်ပကဖသတင်းထောက်လှမ်းရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

ဓါးပြတိုက်တာ မကြာခဏဖြစ်​နေတဲ့နေရာဟာမြင်းခြံ-တောင်သာလမ်းပိုင်းကနန်းမြင့်တောင်အနီးမှာဖြစ်ပြီး အရင်က တော်လှန်ရေး တပ်တွေစိုးမိုးထားတဲ့ နယ်မြေဖြစ်ပါတယ်။ဒါ​ပေမယ့်၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာဒီနေရာကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့ပြီး ဒီနေ့အထိ ပျူ​စေထီးနဲ့ စစ်တပ်ကစိုးမိုးထားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“ဒီကိစ္စ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေဖြစ်တာကဒီနေရာကို စစ်တပ်ပြန်သိမ်းသွားကတည်းက မကြာခဏဖြစ် နေတာပါ။ဒါပေမယ့်မြင်းခြံမှာက Local တပ် ၊တပ်ရင်းတပ်ဖွဲ့တွေလည်းပေါတယ်။ပျူတွေလည်းပေါတော့ကျွန်တော်တို့သေချာစုံစမ်း နေပါတယ်”လို့ ပြန်ကြား ရေးတာဝန်ရှိသူကပြောပါတယ်။

အထူးသဖြင့်မြင်းခြံမြို့နယ်မှာသီတာယုမွန်ဦး​ဆောင်တဲ့ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေက ဖမ်းဆီးလူသတ်တာ ၊ရွာမီးရှို့တာ ၊လုယက်တာ၊​ဒေသခံ​တွေကို အဓမ္မမှုကျူးလွန်တာစတဲ့ ရာဇဝတ်မှုမျိုးစုံကို မကြာခဏကျူးလွန်​နေပါတယ်။

အဲဒီနေရာမှာ ဓားပြတိုက်မှုဟာ မတ်လအတွင်းမှာ ပဲ ၄ကြိမ်အထိဖြစ်ထားတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။ မြင်းခြံမြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို စစ်တပ်က စစ်ကြောင်းထိုး ပြန်လည်ထိန်းချုပ်ထားပြီး စစ်တပ်ထိန်းချုပ်နယ်မြေမှာ ယခုလို ဓားပြတိုက်မှုတွေဖြစ်နေတာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ