Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်က တအာင်းအမျိုးသမီးရေးရာရုံးအတွင်း ဗုံးပေါက်၊ ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

တိုက်ပွဲကာလအတွင်း ပျက်စီးသွားတဲ့ ကွတ်ခိုင်မြို့က အ​ဆောက်အဦးအချို့ ။ဓါတ်ပုံ-CJ

မတ်-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

ဒီနေ့ မတ်လ ၂၅ရက် နေ့လယ်၁၂နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“အရင်က TNLAထိုင်တဲ့ရုံး။ အခုက MNDAA သိမ်းထားတယ်။ ဟိုရက်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာ။ အဲဒီထဲကိုထင်းဝင်ကောက်တာကနေ ဗုံးထိတာ” လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး၊ အသက်(၁၀)နှစ်နဲ့(၁၃)နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရခဲ့ပြီး ကလေးငယ်နှစ်ဦးက ဒဏ်ရာပိုပြင်းထန်တယ်လို့ သိရပါတယ်။ သုံးဦးစလုံးကိုဆေးရုံမှာ တင်ပို့ကုသနေတယ်လို့ ဒေသခံက ပြောပါတယ်။

” သူတို့ သုံးယောက်က အဲဒီရုံးဝင်းထဲမှာ ထင်းသွားကောက်ချင်လို့ဆိုပြီး အုပ်ချုပ်ရေးရုံးကို အရင်ဖုန်းဆက် အကြောင်းကြားခဲ့သေးတယ်။ အုပ်ချုပ်ရေးရုံးဘက်ကလည်း နယ်မြေရှင်းလင်းရေးတွေ မလုပ်ရသေးတဲ့အတွက် လုံးဝမသွားဖို့ သေချာမှာကြား တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ အရှေ့ပေါက်ကို သော့ခတ်ပိတ်ထားတာကို သူတို့က အနောက်ဘက် ခြုံတွေထဲကနေ တိုးဝင်ပြီး ထင်းသွားကောက်ရာကနေ အခုလို တိုက်ပွဲအတွင်းက လက်ကျန်ဗုံးကို သွားထိမိပြီး ပေါက်ကွဲသွားတာပါ” လို့MNDAA တပ်ဖွဲ့ဝင် တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကျည်ကာဦးထုပ်အောက်မှာရှိနေတဲ့ တိုက်ပွဲအတွင်းက လက်ကျန်ဗုံးကို သွားထိမိရာကနေ ပေါက်ကွဲသွားတာလို့ ၎င်းကဆိုပါတယ်။ ကွတ်ခိုင်မြို့မှာ ၁၀၂၇စစ်ဆင်ရေးအတွင်းက သိမ်းရထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ မပေါက်ကွဲဘဲကျန်နေတဲ့ လက်နက်ခဲယမ်းတွေဟာ မြို့ပေါ်ရပ်ကွက်တွေအတွင်း ကျန်ရှိနေတဲ့အပေါ် သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ရှင်းလင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ကိုးကန့်တပ်မတော်(MNDAA)ဟာ ကွတ်ခိုင်မြို့မှာ တပ်စွဲထားတဲ့ တအာင်းတပ်မတော်(TNLA)တပ်စခန်းတွေကို မတ်လ ၁၄ရက်က စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ မြို့ကိုထိန်းချုပ်ထားပါတယ်။

ရက်အနည်းငယ်ကြာစစ်ရေးတင်းမာခဲ့ပြီး လက်ရှိမှာ TNLAက ကွတ်ခိုင်မြို့ကနေ ဆုတ်ခွာပေးရခြင်းနဲ့အတူ နှစ်ဖက် အပစ်ရပ်ထားပါတယ်။ စစ်ရေးတင်းမာနေစဉ်ကာလမှာလည်း MNDAAက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း အရပ်သားတချို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကွတ်ခ်ိုင်မြို့ကို ‌၂၀၂၃ အောက်တိုဘာ၂၇ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

TNLAရောMNDAAကပါ ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ် ယန္တရားတတည်ဆောက်ခဲ့ကြပါတယ်။၁၀၂၇ စစ်ဆင်ရေးကာလတုန်းကလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြရသလို နေအိမ်အဆောက်အအုံတွေလည်းပျက်စီးခဲ့ပါတယ်။ ယခုလည်း မဟာမိတ်အချင်းချင်းဖြစ်ပွားတဲ့ပဋိပက္ခကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုမှုတွေရင်ဆိုင်ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ MNDAA နဲ့ TNLAတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုအချို့ရှိနေပြီး ရွာ၂၀ခန့်က ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်​ပြေးတိမ်းရှောင်နေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို ထိန်းချုပ်လိုက်တဲ့ MNDAAအနေနဲ့ လားရှိူမြို့တုန်းကလို အာဏာသိမ်းစစ်ထံမြို့ကိုပြန်မအပ်ဘဲ ဒေသခံပြည်သူတွေကိုငဲ့ညှာဖို့ မြို့ခံတွေကတောင်းဆိုပါတယ်။