သြဂုတ် ၅၊ ၂၀၂၆။မေရီ/People’s Spring
စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၅ ရက် နေ့လယ် ၁ နာရီခန့်က စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စည်ပင်ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“အသံကြားလိုက်တယ်။ အသံနည်းနည်းတော့ ကျယ်တယ်။ လူထိမထိတော့ မကြားဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဆိုပါနေရာတွေဟာ အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူထားတဲ့အတွက် သာမန်ပြည်သူတွေအသွားအလာနည်းတာကြောင့် ထိခိုက်မှုရှိ၊မရှိ မသိရသေးဘူးလို့ ဒေသခံတေံက ပြောပါတယ်။
“ရုံးကြီးထောင့်မှာ ခတွေ မိုင်းတွေ့လို့ လမ်းတွေပိတ်ပြီး လာဖြုတ်ရင်းနဲ့ ဗုံး(မိုင်း)ပေါက်ကွဲမူ့ဖြစ်တာ။ ထိခိုက်သေဆုံးကတော့ မသိရသေးဘူး”လို့ မြို့ခံတစ်ဦးရဲ့စကားကို ကိုးကားကာ စစ်ကိုင်းအခြေစိုက် Ground Press က ဖော်ပြပါတယ်။
မနေ့က သြဂုတ် ၄ ရက်ကလည်း စစ်ကိုင်းမြို့ မြောက်ဘော်ဂါရပ်ကွက်ထိပ် ကျောက်ဝိုင်းဟောင်းအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကလည်း စစ်ကိုင်းမြို့၊ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝကရုံး) ဗုံးပေါက်ကွဲပြီး လူ ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


















































