Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်က KIA ဂိတ်ဖျက်ဆီးမှု ကိုးကန့်တပ် ပြန်တောင်းပန်၊ ဂိတ် ပြန်ပြင်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဇူလိုင် ၈ရက် ညနေပိုင်းမှာ မော်ဟန်ဂိတ်ကို ကိုးကန့်တပ်တွေ ရောက်လာပြီး အထက်အမိန့်ဟုဆိုကာ ဖျက်ဆီးခဲ့တာပါ။ ဒါ့အပြင် KIA ရဲဘော်ကို ရိုက်နှက်ခဲ့ပါသေးတယ်။

“သူတို့ အထက်အမိန့်ဆိုပြီးမှ သူတို့ဒေသခံ ခရိုင်မှူးက ညွှန်ကြားတာ။ ဗဟိုရဲ့ ညွှန်ကြားချက်မပါဘူး။ သူတို့ဟာ သူတို့လုပ်တာ။ အဲဒီတော့ ဗဟိုကနေ ပြန်ပြီးတော့ ညွှန်ကြားပြီး ဖျက်ဆီးလိုက်တဲ့ ဂိတ်တွေကို သူတို့ လာလုပ်ပေးတာပေါ့။ သူတို့ ပြန်တောင်းပန်တာ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဂိတ်ကို ကိုးကန့်တပ်လာဖျက်ဆီးတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာ ဖော်ပြမှုတွေရှိခဲ့ရာ ကိုးကန့်တပ်ရဲ့ ရေကားကို KIAက အခွန်ကောက်တဲ့အပေါ် ဒေသခံ ခရိုင်မှူးဆိုသူက ဂိတ်ဖျက်ဖို့ ခိုင်းစေခဲ့တာလို့ သိရပါတယ်။

KIA အနေနဲ့ ကိုးကန့်တပ်ဖွဲ့ယူနီဖောင်းနဲ့လာတဲ့ ကားတွေကို အခွန်ကောက်တာ မရှိဘူးလို့လည်း KIA တပ်မှူးက ပြောကြားခဲ့တာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။

အခုလို ကိစ္စရပ်တွေကို လူကြီးချင်းညှိနှိုင်းဖြေရှင်းဖို့ အောက်ခြေ ရဲဘော်တွေကို ရိုက်နှက်တာ၊ ဂိတ်ကိုဖျက်ဆီးတာတွေ မလုပ်ဖို့လည်း KIA တပ်မှူးက ပြောကြားခဲ့တာ တွေ့ရပါတယ်။

“ကျနော်တို အချင်းချင်း မသိတာလည်း မဟုတ်ဘူး။ သူငယ်ချင်းလည်း ဟုတ်တယ်။ ပြောစရာရှိတာ လူကြီးအချင်းချင်း ပြောရအောင် ။ ဘာလို အောက်ခြေရဲဘော်တွေကို ရန်လာရှာလဲ” လို KIA တပ်မှူးက မေးမြန်းရာ KIA ဂိတ်က အခွန်ကောက်လို အထက်က လာဖျက်ဆီးခိုင်းတာလို MNDAA အရာရှိက ပြောပါတယ်။

“ကျနော်တို အခွန်ကောက်တာ ဌာနချုပ် အမိန့်နဲ့ ကောက်တာ ကျနော်တို့က။ ခင်ဗျားတို အဖွဲ့က မကောက်နဲ့ ဆို ကျနော်တိုက MNDAA လက်အောက်ခံ အဖွဲတွေ လည်းမဟုတ်ဘူး။ ကျနော်တိုက သပ်သပ်လေ။ မင်းတို အခွန်မကောက်နဲ့လို ကျနော်တို ပြောလိုရလား” လို KIA တပ်မှူးက မေးမြန်းခဲ့ပါတယ်။

KIAဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အပါအဝင်ဒေသအချို့ကို ထိန်းချုပ်ထားသလို ကိုးကန့်တပ်ကလည်း ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားတာပါ။ မူလက ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး အခုနှစ်မတ်လမှာ မဟာမိတ်ဖြစ်တဲ့ MNDAAက ကွတ်ခိုင်မြို့တွင်း အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းကာ မြို့ကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။