Connect with us

Hi, what are you looking for?

သတင်း

မဲသဝေါဒေသ ကြယ်ပြောင်ကုန်း စခန်းသိမ်းတိုက်ပွဲ လက်နက် ၂၀နီးပါးရဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်အတွင်းရှိ ကြယ်ပြောင်ကုန်း စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်း မှတ်တမ်းဓာတ်ပုံနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။

စခန်းသိမ်းတိုက်ပွဲက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

အရပ်သားနေထိုင်ရာတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲ

ဧပြီ-၁၅၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်အတွင်းရှိ ကြယ်ပြောင်ကုန်း စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်း မှတ်တမ်းဓာတ်ပုံနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။

KNUဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသရှိ ပနာအော်ဘူးတူ (ကြယ်ပြောင်ကုန်း) စစ်တပ်စခန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲမှာ ရရှိခဲ့တဲ့ ဓာတ်ပုံဖော်ပြခဲ့ရာ လက်နက်မျိုးစုံ အလက် ၁၈လက်ထက်မနည်း သိမ်းရတာ တွေ့ရသလို ခဲယမ်း၊ ကျည်၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့တာတွေ့ရပါတယ်။

အဲဒီ စခန်းသိမ်းတိုက်ပွဲအပြီးမှာ အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ မသက်ဆိုင်တဲ့ အများပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်နေကြောင်း KNUက အသိပေးပါတယ်။

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လှိုင်းဘွဲ့မြို့နယ် ပွေးဖိုးကလားရွာက လူနေအိမ် ၆လုံး၊ စာသင်ကျောင်း ၁ကျောင်းထိခိုက်ပျက်စီးခဲ့ပြီး ရွာသား (၁) ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ ရဲ့ လေးကေတပ်စခန်း ကို တော်လှန်ရေး ပူးပေါင်းတပ်က ဧပြီ ၁၂ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဟာ စခန်းလက်လွှတ်ရပြီးနောက် ဒေသတွင်း ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်လို့ KNU တပ်မဟာ(၁)နယ်မြေမှာ အရပ်သားသေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ တပ်မဟာ(၁)သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။