Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ် အင်တာနက်တွေ ယာယီပိတ်သိမ်းထားဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန သတိပေး

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

မေ ၁၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန အနေနဲ့ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံး လိုက်နာဖို့ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို ဒီကနေ့ မေလ ၁၄ ရက်က ထုတ်ပြန်ခဲ့ရာမှာ သတားလင့်ခ် အင်တာနက်တွေ ကိုပါ ယာယီ ပိတ်သိမ်းထားကြဖို့ ညွှန်ကြားလိုက်တာပါ။

ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေမှာ အများပြည်သူသုံး စတားလင့်ခ် အင်တာနက်တွေကို ယာယီ ပိတ်သိမ်းကြဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း လိုအပ်ချက်အရ အသုံးပြုပါက လုံခြုံရေး အကန့်အသတ်နဲ့ အသုံးပြုကြဖို့ဆိုပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုံးဝ (လုံးဝ) မဝင်ရောက်ဖို့ကိုလည်း အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

ကျန်းမာရေးကိစ္စအပါအဝင် ခရီးသွားလာဖို့ ခက်ခဲသွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကင်ဆာဆေးသွင်းဖို့ ခရီးသွားဖို့ရှိတာ။ သွားလို့မရမှာစိတ်ပူတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးသတင်းအချက်အလက်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူးရဲ့ ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်တွေဖြစ်တဲ့ (Facebook, TikTok, YouTube, Telegram, စသည်) ပေါ် လုံးဝ (လုံးဝ) မတင်ကြဖို့ဆိုပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထပ်မံ သတိပေးပါတယ်။

​စစ်ဆင်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း ဘယ်သတင်းမီဒီယာကိုမျှ မဖြေဖို့ သတိပေးတားမြစ်လိုက်ပြီး ရွှေဘိုခရိုင်စစ်ဌာနရဲ့ တရားဝင် စစ်သတင်းထုတ်ပြန်ချက်တွေကိုပဲ စောင့်ဆိုင်းဖော်ပြကြဖို့ ၎င်းစစ်ဌာနက အသိပေးပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနကိုဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

​အထက်ပါ သတိပေးတားမြစ်ချက်တွေကို တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထုအားလုံး လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် သက်ဆိုင်ရာ တပ်မှူးအဆင့်ဆင့်နဲ့ အရပ်ဖက်-စစ်ဖက် တာဝန်ခံများအားလုံး ပူးပေါင်း တာဝန်ယူဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူသွားမယ်လို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။