မေ – ၁၈ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်းအတွင်းမနေ့ (မေလ ၁၇ ရက်)တစ်ရက်တည်းမှာတင်ပြင်ဦးလွင်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာကလေးလေးဦးရေနစ်သေဆုံးခဲ့တယ်လို့လူမှုကူညီရေးအဖွဲ့တွေထံကသိရပါတယ်။
အဲဒီဖြစ်စဉ်တွေဟာပြင်ဦးလွင်မြို့၊ရေချမ်းအိုးတောင်ရွာရှိ ဖက်ဆွတ်ကန်နဲ့ မဟာအောင်မြေမြို့နယ် ၊မန္တလေးတက္ကသိုလ်အနောက်ခြမ်းကစည်ပင်ရေကန်တို့မှာဖြစ်ပွားခဲ့တာပါ။
ပြင်ဦးလွင်မှာတော့မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ကရပ်ကွက်ကြီး (၁၂) ၊ ရေချမ်းအိုးတောင်ရွာရဲ့ ဖက်ဆွတ်ကန်မှာရေဆင်းကူးတဲ့အသက်၁၀နှစ်ခန့် ယောကျ်ားလေးသုံးဦးသေဆုံးခဲ့တာပါ။

Public Service Announcement
အဲဒီဖြစ်စဉ်မတိုင်ခင်နေ့ခင်းပိုင်း ၁ နာရီခန့်ကတော့မဟာအောင်မြေမြို့ နယ်၊မန္တလေးတက္ကသိုလ်အနောက်ပေါက်ပန်းခြံကရေကန်မှာအသက် ၅ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပါတယ်။
ပန်းခြံထဲကသစ်ပင်တွေကိုရေလောင်းဖို့တူးထားတဲ့ကန်ထဲဆင်းရာကနေ ရေနစ်သေဆုံးသွားတာလို့သိရပါတယ်။
















































