Connect with us

Hi, what are you looking for?

သတင်း

ရခိုင်စစ်မျက်နှာပို့ခံရမှာကြောက်လို့ စစ်သားသစ် ၂ ဦး ​တော်လှန်​ရေးတပ်ထံအလင်းဝင်

■ထိုင်းမှာအဖမ်းခံရပြီးပြန်ပို့စဥ်စစ်သားသစ်စု​ဆောင်းခံရသူနဲ့ မုံရွာမှာ​ပေါ်တာဆွဲခံရသူ​တွေဖြစ်

(ထွက်ပြေးအလင်းဝင်လာတဲ့ ခလရ (၂၅၂)တပ်ရင်းက စစ်ကောင်စီတပ်သား ၂ဦး ။ ဓာတ်ပုံ - COBRA ONE Pakokku)

မေ -၂၅၊၂၀၂၆။ဖိုးသား/People’s Spring

ရခိုင်ပြည်နယ်က ရှေ့တန်းစစ်မျက်နှာပြင် ပို့ခံရမှာကြောက်လို့ ပခုက္ကူမြို့အခြေစိုက် ခလရ (၂၅၂)တပ်ရင်းက စစ်သား၂ဦးထွက်ပြေးအလင်းဝင်လာတယ်လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)လက်အောက်ခံ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း(ခလရ-၂၅၂ )တပ်ရင်းက တပ်သား ၂ ဦးဟာ မေလ ၂၁ ရက်နဲ့ ၂၃ ရက်က ထွက်ပြေးလာတာလို့ ဆိုပါတယ်။

အဲဒီတပ်သား၂ဦးစလုံးကိုCOBRA ONE Pakokkuတပ်က ကယ်ထုတ်ခဲ့ပြီး မိသားစုဆီ ပြန်ပို့‌ပေးမယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ခလရ-၂၅၂ ကိုပို့ပြီဆိုရင် သေချာပေါက်ရခိုင်ကို ပို့တယ်။၂၅၂ မှာ လူစုပြီး ရခိုင်ကို ပို့တယ်။အရာရှိ၊အရာခံကအစ ကြောက်နေတာ”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သားက ပြောပါတယ်။

အလင်းဝင်ရောက်လာသူ ၂ဦးရဲ့ ဖြစ်စဉ်တွေအရ ၁ဦးက ထိုင်းနိုင်ငံအလုပ်လုပ်ဖို့သွားစဉ် ပတ်စ်ပိုစ့်မပါလို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထောင်ချပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရစဉ် စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတာလို့ ပြောပါတယ်။

“သူနဲ့အတူ ရောက်လာတဲ့ စစ်မှုထမ်း ၃၆ ယောက် ရှိတယ်။အဲဒီ ၃၆ယောက်က တိုက်ပွဲထဲ ကျကုန်ပြီ သိရတယ်”လို့ COBRA ONE Pakokku တပ်တာ၀န်ရှိသူက ပြောပါတယ်

ကျန် ၁ဦးက မုံရွာမြို့ပေါ်မှာ မှတ်ပုံတင်မပါတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က​ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

စစ်တပ်က တပ်အင်အားတွေမရှိတော့လို့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် အတင်းအကြပ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်နေတယ်လို့လည်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ဦးက ပြောပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာလုပ်ကိုင်နေထိုင်ကြဖို့လည်း COBRA ONE Pakokku သတိပေးပါတယ်။

၂၀၂၄ ဖေဖော်ဝါရီကစပြီး စစ်တပ်က စစ်မှုထမ်းဥပဒေ အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေမှုဟာ လက်ရှိမှာ အပတ်စဉ် (၂၅) အထိ ရောက်လာနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။